Trending Now

လမ်းလျှောက်နေသည့် အသက် (၅၀)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဆိုင်ကယ် အတိုက်ခံရ

Spread the love

လမ်းလျှောက်နေသည့် အသက် (၅၀)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဆိုင်ကယ် အတိုက်ခံရ

EPN
မြစ်ကြီးနား၊ မတ်လ ၂၅

မြစ်ကြီးနားမြို့နယ်၊ ဒွမ်ဂမ်ကျေးရွာ၊ လမ်းမကြီးဘေးတွင် လမ်းလျှောက်နေသည့် အသက် (၅၀)နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးကို ယနေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိမူ ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားလူမူကူညီရေး အသင်းထံမှ သိရသည်။

အသက်(၅၀)အရွယ် အဆိုပါ အမျိုးသမီးသည် ဒွမ်ဂမ်ကျေးရွာရှိ လမ်းမကြီးဘေးတွင် လမ်းလျှောက်နေစဉ် အမည်မသိသူ တစ်ဦးမှ ဆိုင်ကယ်ဖြင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားလူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲ့ဒီအမျိုးသမီးက သူ့ဖာသာလမ်းဘေးမှာလျှောက်နေတာကို ဆိုင်ကယ်နှင့် အတိုက်ခံရတယ်လို့၊ ရွာကလူတွေက ပြောကြတယ်၊ ဆိုင်ကယ် အတိုက်ခံရလို့ အဲ့အမျိုးသမီးက ညာလက်ရယ်၊ ဘယ်ခြေတောက်ရယ် ကျိုးသွားတယ်၊ ဦးခေါင်းမှာလည်း ပွန်းပဲ့ဒဏ်ရာတွေရထားတယ်၊ အခုတော့ ပြည်သူ့ဆေးရုံကြီးကို ပို့ပေးထားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆိုင်ကယ်အတိုက်ခံရသည့် အမျိုးသမီးမှာ ညာလက် တစ်ဖက်နှင့် ဘယ်ခြေ‌ထောက်တစ်ချောင်း ကျိုးသွားသဖြင့် လူမူကယ်ဆယ်ရေးအဖွဲ့မှ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ပေးထားကြောင်းနှင့် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသူမှာ ဆိုင်ကယ်တိုက်မူ ဖြစ်ပြီး မောင်းပြေးရန် လုပ်နေစဉ် ကျေးရွာရှိ ရွာသူရွာသူများက ဖမ်းဆီးလိုက်နိုင်‌ကြောင်းလည်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။