Trending Now

နန့်မွန်း-ဟိုပင်သွား ကားလမ်းတွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Spread the love

နန့်မွန်း-ဟိုပင်သွား ကားလမ်းတွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

EPN
ဟိုပင်၊ မေ ၁၁

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ အနောက်ဘက်(၉)မိုင်ခန့်အကွာ နန့်မွန်း-ဟိုပင်သွား ကားလမ်းတွင် မေလ ၁၀ရက်နေ့က ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် သတင်းအရ ဟိုပင်နယ်မြေစခန်းမှူး ဗိုလ်ဗိုလ်ကျော်၏ လမ်းညွန်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဗိုလ်ဗိုလ်ကျော် နှင့် တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ရဲတပ်ကြပ်ကြီး တိုးတိုးဦး၊ ရဲတပ်ကြပ်ဝေဖြိုးဦး၊ ဒုတပ်ကြပ်ရဲသီဟ၊ တပ်သား အောင်ကိုလတ်နှင့် ဇေသူလွင်တို့သည် သက်သေများနှင့် အတူ အဆိုပါနေရာတွင် စောင့်ဆိုင်းနေစဉ် ဟိုပင်မြို့ဘက်မှ နန့်မွန်းမြို့ အတူယှဉ်တွဲမောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးကို ရပ်တန့်ရှာဖွေရာ မောင်လင်းဆိုသူ၏ ဆိုင်ကယ်ခွကြားမှ SHAOLONG စာတန်းပါ အိတ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသည့် ဘိန်းစိမ်း ဟု ယူဆရသည့် အမဲရောင်အစေးအစို (၃)ထုတ်၊ အလေးချိန် (၃၀၀၀) ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိ၍ သက်သေများရှေ့တွင် မူးယစ်းဆေးဝါးများနှင့်အတူ တွေ့ရှိရသူ မောင်လင်းနှင့် ဖရန့်စစ်စကို(ခ)စစ်ကို တို့နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မောင်လင်း၊ အသက်(၂၀)နှစ်၊ (ဘ)ဦးတင်ထွန်း ဖလိုင်တောင်ရှည်ကျေးရွာ၊ ဖယ်ခုံမြို့နေသူနှင့် ဖရန့်စစ်စကို(ခ)စစ်ကို၊ (၂၂)နှစ်၊ (ဘ)ဦးနောင်၊ ဖလိုင်တောင်ရှည်ကျေးရွှာ၊ ဖယ်ခုံမြို့ ရှမ်းပြည်တောင်ပိုင်းနေသူ တို့ကို ဟိုပင်နယ်မြေရဲစခန်းက မယ(ပ) ၄၂/၂၀၂၀ မူး/စိတ် ပုဒ်မ ၁၉(က) / ၁၉ (က)၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။