Trending Now

နှစ်ပေါင်းများစွာအတွင်း နျူကလီးယားအန္တရာယ်အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော

Spread the love

နှစ်ပေါင်းများစွာအတွင်း နျူကလီးယားအန္တရာယ်အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၃

ဆယ်စုနှစ်ပေါင်းများစွာအတွင်း လက်ရှိအချိန်မှာ နျူကလီးယားအန္တရာယ်ဟာ အမြင့်ဆုံးအခြေအနေကို ရောက် ရှိနေကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတားရက်စ်က သြဂုတ်လ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

“နှစ်ပေါင်းများစွာအတွင်း နျူကလီးယားအန္တရာယ်ဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။” လို့ အန် တိုနီယိုဂူတားရက်စ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောပါတယ်။

“နျူကလီးယားလက်နက်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံတွေအနေနဲ့ နျူကလီးယားလက်နက်တွေကို ပထမဦးဆုံး စ တင်အသုံးမပြုပါဘူးလို့ ကတိပေးရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

“အဲဒီလို နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဟာ သူတို့အနေနဲ့ နျူကလီးယားလက်နက်တွေကို အ သုံးမပြုပါဘူး၊ အဲဒီလက်နက်တွေနဲ့ တခြားနိုင်ငံတွေကိုလည်း မခြိမ်းခြောက်ပါဘူးဆိုတာကို နျူကလီးယားလက် နက်ပိုင်ဆိုင်မှုမရှိတဲ့နိုင်ငံတွေကို စိတ်ချရအောင် အာမခံပြောကြားရမှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောကြား ရမှာဖြစ်ပါတယ်။ နျူကလီးယား စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာကိုလည်း ရပ်တန့်ရမှာဖြစ်ပါတယ်။ ” လို့ ဂူ တားရက်စ်က ပြောပါတယ်။

“နျူကလီးယားကင်းစင်တဲ့ကမ္ဘာကြီးအဖြစ် ပြန်လည်ရရှိရေးအတွက် နိုင်ငံအားလုံးဆောင်ရွက်နိုင်ရေး ပြန်ပြီး တော့ ကတိပေးဖို့ လိုအပ်ပါတယ်။ တင်းမာမှုတွေလျှော့ချပြီး နျူကလီးယားလက်နက်ပြိုင်ပွဲကို အဆုံးသတ်ဖို့ စေ့ စေ့ညှိနှိုင်းရေးအတွက် လုပ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်သွားဖို့ လိုအပ်နေပါပြီ။” လို့ ၎င်းက ပြောပါတယ်။

Ref: UN chief says current nuclear risk is most serious in decades

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။