Trending Now

ဖမ်းဆီးခံထားရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကို အထူးတရားရုံးမှာ စစ်ဆေးမယ်

Spread the love

ဖမ်းဆီးခံထားရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကို အထူးတရားရုံးမှာ စစ်ဆေးမယ်

EPN
နိုင်ငံတကာ၊ မေ ၁၀

မေလ ၉ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရာခမ်းကို အကျင့်ပျက်ချစားမှု စွပ်စွဲချက်တွေဖြေကြားဖို့အတွက် ဒီနေ့ အထူးတရားရုံးမှာ ရုံးထုတ်သွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် ခမ်းကို တရားရုံးသို့ ခေါ်ဆောင်းသွားမှာ မဟုတ်ဘဲ သူ့ကို ထိမ်းသိမ်းထားတဲ့ အစ္စလာမာဘတ်မြို့က ခိုင်ခံ့တဲ့ ရဲဌာနချုပ်မှာ ကြားနာမှုပြုလုပ်သွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဂတိလိုက်စားမှုတွေနဲ့ စစ်တပ်အကြီးတန်းအရာရှိတစ်ဦးကို လုပ်ကြံဖို့ ကြိုးပမ်းမှုပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရာခမ်း ဟာ မေ ၉ ရက်နေ့က မြို့တော်အစ္စလာမာဘတ်ရှိတရားရုံးတစ်ခုပြင်ပမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ခမ်းရဲ့ PTI ပါတီက ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့တဲ့အတွက် ထောက်ခံသူ တွေဟာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး ထိမ်းသိမ်းခံထားရတဲ့ အစ္စလာမာဘတ်မြို့ကို ချီတက်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

Ref; aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။