Trending Now

ပစ်ချခံလိုက်ရတဲ့ တရုတ်မီးပုံးပျံ အပျက်အစီးတွေကို ဆယ်ယူဖို့ အမေရိကန်ရေတပ်လုပ်ဆောင်နေ

Spread the love

ပစ်ချခံလိုက်ရတဲ့ တရုတ်မီးပုံးပျံ အပျက်အစီးတွေကို ဆယ်ယူဖို့ အမေရိကန်ရေတပ်လုပ်ဆောင်နေ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တောင်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းတွင် ပစ်ချခံရပြီးနောက် အတ္တလန္တိတ်သမုဒ္ဒရာထဲကို ကျရောက်သွားတဲ့ တရုတ်မီးပုံးပျံရဲ့ အပျက်အစီးတွေကို အမေရိကန်ရေတပ်က ဆယ်ယူဖို့ လုပ်ဆောင်နေပါတယ်။

ဇန်နဝါရီလကုန်ပိုင်းကစလို့ မြောက်အမေရိကကို အမြင့်ပေမှာ ပျံသန်းလာတဲ့ မီးပုံးပျံဟာ အမေရိကန်လေပိုင်နက်မှာ ပစ်ချခံခဲ့ရပြီး အမေရိကန်ရေပိုင်နက်ထဲကို ပြုတ်ကျခဲ့တယ်လို့ မြောက်အမေရိက လေကြောင်းကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး Glen VanHerck က ပြောပါတယ်။

မီးပုံးပျံဟာ ကျောင်းသုံးဘတ်စ်ကားအရွယ်အစားခန့်ရှိပြီး အပျက်အစီးတွေဟာ သမုဒ္ဒရာထဲမှာ ၇ မိုင်ခန့်အကွာအဝေးအထိ ပျံ့နှံ့သွားခဲ့တယ်လို့ အမေရိကန်က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

မီးပုံးပျံကို အမေရိကန်လေပိုင်နက်မှာ ရှာဖွေတွေ့ရှိပြီးနောက် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ဘေဂျင်းကိုသွားရောက်မယ့် အစီအစဉ်ကို ဝါရှင်တန်က ဖျက်သိမ်းလိုက်ပြီး တရုတ်နဲ့ အမေရိကန်တို့ဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း ‘မောင်းသူမဲ့ အရပ်ဘက်လေတပ်သင်္ဘော’ ကို စစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ အမေရိကန်ကို ရှုတ်ချကြောင်း ပြောဆိုခဲ့ပြီး လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မီးပုံးပျံဟာ မောင်းသူမဲ့အရပ်သား လေသင်္ဘောဖြစ်ပြီး မိုးလေဝသ သုတေသနပြုလုပ်ရင် အမေရိကန်လေပိုင်နက်ထဲကို မတော်တဆ လမ်းလွဲသွားခဲ့တာလို့ တရုတ်ဘက်က အခိုင်အမာပြောဆိုခဲ့ပေမယ့် ဗာဂျီးနီးယားရှိ Langley လေတပ်အခြေစိုက်စခန်းက F-22 တိုက်လေယာဉ် တစ်စင်းနဲ့ ပစ်ချခဲ့တာဖြစ်ပါတယ်။

Alajazeera / ref; US Navy working to recover debris from Chinese ‘spy balloon’

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။