Trending Now

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ရှိ မြို့နယ် ၇ ခုမှာ မဲဆန္ဒနယ် အနည်း ငယ်ပြောင်းလဲသတ်မှတ်

Spread the love

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ရှိ မြို့နယ် ၇ ခုမှာ မဲဆန္ဒနယ် အနည်း ငယ်ပြောင်းလဲသတ်မှတ်

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၁၀

လာမည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှာ မဲဆန္ဒနယ် အနည်းငယ်ပြောင်းလဲ သတ်မှတ်ထားကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ကချင်ပြည်နယ်မှာ မြို့နယ် ၁၈မြို့နယ်ရှိပြီး ၁၁ မြို့နယ်တွင် မဲဆန္ဒနယ်မြေ ပြောင်းလဲမှု မရှိဘဲ ကျန် ၇မြို့နယ်ရှိ မဲဆန္ဒနယ်များ ကိုတော့ လူဦးရေအလိုက် အနည်းငယ်ပြောင်းလဲ သတ်မှတ် ထားခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး အဖွဲ့ခွဲ အရာရှိ ဦးထွန်းအောင်ခိုင်က ပြော သည်။

“ပြည်နယ်လွတ်တော်မှာလည်း တစ်မြို့နယ်ကို မဲဆန္ဒနယ် ၂ခု သတ်မှတ်ထားတယ်အတွက် ကချင်ပြည်နယ်မှာ မြို့နယ် ၁၈မြို့နယ် ဆိုတော့ ၃၆ နေရာရှိတယ် အကြမ်းဖျင်းပြောရမယ်ဆိုရင် မြို့နယ် ၁၈မြို့နယ်မှာ မဲဆန္ဒနယ် ၁၁မြို့နယ်မှာပြောင်းလဲမှုမရှိဘူး ၊၇မြို့နယ်မှာ အနည်း ငယ်ပြောင်း လဲမှုရှိတယ် အနည်းငယ် ပြောင်းလဲတယ်ဆိုတာက ရွာလေးတစ်ရွာ နှစ်ရွာ နဂိုက မဲဆန္ဒ အမှတ်၁က နေ အမှတ် ၂ကို ရွေ့တာရှိတယ် ၂ကနေ ၁ကိုရွေ့တာ ရှိတယ် ဘာကြောင့် ရွေ့လဲဆိုတော့ ဒီမဲဆန္ဒ ၁နဲ့၂မှာရှိတဲ့ လူဦးရေး ကွာဟနေရင် ဥပဒေအရ ပြန်ပြီး Changes ပေးရတယ်။ ဒီဘက်က ရွာလေး ဟိုဘက်ရောက်တယ်၊ဟိုဘက်ကရွာ ဒီဘက် ရောက်လာ တယ် အများကြီးမဟုတ်ဖူး ၁ရွာ ၂ရွာ ဒီထက် မပိုဘူး အဲ့တာမျိုး ပြောင်လဲမှုရှိတာကတော့ ၇မြို့နယ်ပဲ ကျန်တာ တွေကတော မဲဆန္ဒနယ်ကတော့ ၂၀၁၅ ကအတိုင်းပဲ ပြောင်းလဲမှုမရှိပါဘူး” ဟု ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အတွက်တော့ ပြောင်းလဲမှုမရှိဘဲ ပြည်ထောင်စုမှ ထုတ်ပြန် ထားသည့် အတိုင်းဖြစ်ပြီး ပြည်နယ်အတွင်း အမှတ်စဉ် သတ်မှတ်မှုသာ အနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရသည်။

“၂၀၁၅၊ ၂၀၂၀ခုနှစ်မှာတော့ မတူတာလေးတွေကတော အမှတ်စဉ် လေးတွေ ကွဲသွားမယ် အရင်တုန်းကတော့ ပူတာအိုဆိုရင် အမျိုးသား လွတ်တော် မဲဆန္ဒနယ် အမှတ် ၁၊အမှတ် ၂ဆိုရင် မြစ်ကြီးနားမြို့နယ် သတ်မှတ်တယ်။ ဒါပေမဲ့ အခုဆိုရင်တော့ ၂၀၂၀မှာ ကြတော့ ပူတာအိုက မဲဆန္ဒနယ် ၁၊ ၂ ကတော့ ဗန်းမော်မြို့နယ် ရောက်သွားတယ်၊ ၃ဆိုရင် မန်စီနှင့် ရွှေကူ ဖြစ်သွားတယ် ၊ ၄ဆိုရင် မိုးမောက်ဖြစ်သွားတယ် အမှတ်စဉ် လေးတွေ နည်းနည်းချိန်သွားတယ် ဒါပေမဲ ၂၀၁၅မှာဆိုလည်း မန်စီနဲ့ရွေကူပေါင်းတယ်၊ဒီနှစ်မှာလည်း မန်စီနဲ့ရွေကူပေါင်းတယ် ၊ဒါပေမဲ ၂၀၁၅တုန်းက မန်စီနဲ့ရွှေကူကို အမျိုးသားလွတ်တော် မဲဆန္ဒနယ် ၁၂၊အခုကျတော့ အမှတ်၃ဖြစ် သွားတယ် ဘာကြောင့် အဲ့လိုဖြစ်သွားရသလဲဆိုတော့ ပြည်ထဲရေး ဝန်ကြီးဌာန ကနေ တနိုင်ငံလုံးမှာ ရှိတဲ့ ၊မြို့ရွာ ခရိုင်တွေကို အက္ခရာနဲ့ စဉ်ထားတာရှိတယ် ပြည်ထဲရေးဝန်ကြီးဌာနက၊ အဲ့ဒီအစီ အစဉ်တိုင် မဲဆန္ဒနယ်တွေကို သတ်မှတ်ရမယ်ဆိုတဲ့ စီမံချက်တွေကို ညွှန်ကြားချက် အတိုင်း အဲဒီအတိုင်း စီးစဉ်လိုက်ရတယ်” ဟု ၎င်းက ထည့်သွင်းပြောဆိုသည်။

အဆိုပါ မဲဆန္ဒနယ် သတ်မှတ်ချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယခုလ ဇူလိုင် ၂၉ ရက်နေ့မှာ တရားမဝင်ကြေငြာသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းက လေ့လာလိုသူများအနေဖြင့် ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ လာရောက်လေ့လာနိုင်ပြီ ဖြစ်ကြောင်း ယင်းကော် မရှင်ရုံးမှ သိရသည်။

၂၀၂၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။