Trending Now

မိုင်ခွန်ရွာမှ တနိုင်းသို့ ပစ္စည်းပို့ ပြန်လာသည့် သုံဘီးဆရာတစ်ဦး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားပြီးသေဆုံး

Spread the love

မိုင်ခွန်ရွာမှ တနိုင်းသို့ ပစ္စည်းပို့ ပြန်လာသည့် သုံဘီးဆရာတစ်ဦး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားပြီးသေဆုံး

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၉

မိုင်ခွန်ရွာမှ တနိုင်းသို့ ပြန်လာသည့် သုံဘီးဆရာတစ်ဦး ဂျိုဆာဒီးရွာ အဝင်လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရရှိသည့် ဒဏ်ရာများကြောင့် ဆေးရုံတွင် သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်နေ့က မိုင်ခွန်ရွာ ပယင်းမှော်ဘက်သို့ ပစ္စည်းပို့ပြီး တနိုင်ဘက်သို့ ပြန်လာသည့် သုံးဘီး ယာဉ်မောင်း ဦးဂျန်မာတူးမှာ ဂျိုဆာဒီးရွာ အဝင်လမ်းအနီးရှိ ကွေ့တစ်ခုတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သူကတနိုင်းကတော့မဟုတ်ဘူး ဆွတ်ငိုင်ရပ်ကွက်မှာ အိမ်ငှါးနေပြီး သုံးဘီးမောင်းစားနေတဲ့သူဟုတ်တယ်၊ ဇနီးနှင့်သားတစ်ယောက်ရှိတယ်၊သူတို့အဲ့လိုနေလာတာ ၅နှစ်နီးပါးရှိနေပြီ၊ဖြစ်တာက ဟိုနေ့၁၆ရက်နေ့က မိုင်ခွန်ရွာကနေပြန်လာရင်းဂျိုဆာဒီးရွာနားမှာမှောက်တာ အဲ့တာတနိုင်းဆေးရုံပို့ပြီးဆေးကုနေချိန်မှာပဲ ၁၇ ရက်နေ့မှာသေသွားတယ်”ဟု ၎င်းကပြောသည်။

သေဆုံးခဲ့သည့် သုံးဘီးယာဉ်မောင်း ဦးဂျန်မာတူးမှာ အသက် ၅၀ အရွယ်ဖြစ်ပြီး သုံးဘီးမှောက်ရာတွင် ရရှိခဲ့သည့် အတွင်းဒဏ်ရာများကြောင့် နောက်တစ်ရက်တွင် သေဆုံးခဲ့ပြီး ၎င်းအား ယနေ့တွင် သဂြိုလ်သွားရန် အတွက် မိသားစုအား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။