Trending Now

စက်သုံးဆီ ပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်လာသည့် အခြေအနေများကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းတချို့ရပ်တည်ရန် ခက်ခဲလာ

Spread the love

စက်သုံးဆီ ပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်လာသည့် အခြေအနေများကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းတချို့ရပ်တည်ရန် ခက်ခဲလာ

EPN
မြစ်ကြီးနား ၊ဩဂုတ် ၁၆

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ပေါ်ရှိ လူမှုကူညီ‌ရေး ပရဟိတအသင်းအဖွဲ့တချို့ စက်သုံးဆီ ဈေးနှုန်းမြင့်မားမှုနှင့် ဆီပြတ်လပ်မှု အခြေအနေများကြောင်း ရပ်တည်ရန် အခက်အခဲရှိလာကြောင်း မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများမှာ အလှူရှင်များအပေါ် ရပ်တည် မှီခိုနေရသည့်အတွက် ယခုကဲ့သို စက်သုံးဆီ ပြတ်လပ်ခြင်း နှင့် ဈေးနှုန်းမြင့်တက်ခြင်းများကြောင့် ရေရှည်တွင် ရပ်တည်ရန်မလွယ်ကူခြင်း အလှူရှင်များ နည်းပါးလာခြင်းများကြောင့် လူမှုကူညီရေးအသင်းတချို့ ရပ်နားသွားရနိုင်ဖွယ်ရှိကြောင်း ပရဟိတအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဆီဈေးနှုန်းမြင့်တက်လာတော့ ပရဟိအသင်းတချို့အနေနဲ့ အခက်အခဲရှိလာတယ်ပေါ့။ ကိုယ်ထူကိုယ်ထ အသင်းတွေ ရန်ပုံငွေ လက်ကျန်မရှိတဲ့ အသင်းတွေ တော်တော်ခက်ခဲသွားနိုင်တယ် မြို့ပေါ်မှာဖြစ်တဲ့ တချို့ကိစ္စတွေမှာ ကျွန်တော်တို့ မကူညီနိုင်တာတွေ ရှိလာတယ် အဲ့တော့ အသင်းကြီးတွေနဲ့ ပြန်ချိတ်ဆက်ပေးရတာ ရှိတယ် ဒီလိုရေရှည်ဖြစ်နေမယ်ဆိုရင်တော့ တချို့ အသင်းတွေ ရပ်သွားနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ လူမှုကူညီရေးအသင်းတချို့ အခက်အခဲရှိနေသည့်အတွက် မြို့ပေါ်ဆီဆိုင်အများစုမှာ ပရဟိတအသင်းအဖွဲ့မှကားများအတွက် လိုအပ်သည့် စက်သုံးဆီပမာဏကို အကန့်အသတ်မထားပဲ ရည်ညွှန်းဈေးအတိုင်းရောင်းချပေးနေကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက EPN သို့ ပြောဆိုသည်။

“ပရဟိတ အသင်းအဖွဲ့တွေအနေနဲ့ လိုအပ်လို့ ဖုန်းဆက်လာရင် ကျွန်တော်တို့ဘက် သူတို့လိုသလောက် ရောင်းပေးတယ် တချို့ဆီဆိုင်တွေက လစဉ် လှူတဲ့ဟာတွေလည်းရှိတယ် ပရဟိတ လူမှုကူညီရေးအသင်းတွေအနေနဲ့ စက်သုံးဆီလိုအပ်လာရင် မြို့ပေါ်က ဆီဆိုင်တွေအားလုံးမှာ တန်းစီစရာမလိုပဲ ရည်ညွှန်းဈေးအတိုင်း ထည့်လို့ရပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ဟရဟိတလူမှုကူညီရေးအသင်းပေါင်း (၂၀)ကျော်ခန့်ရှိကာ ကားစီရေ( ၆၀)နီးပါ ဖြင့် လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။