Trending Now

ကခ်င္​ျပည္​နယ္​သို႔ အင္​းဝ​ေျမဝိုင္​းသဘင္​အဖြဲ႕ လာ​ေရာက္​ေဖ်ာ္ေျဖ

Spread the love

ကခ်င္ျပည္နယ္သို႔ အင္းဝေျမဝိုင္းသဘင္အဖြဲ႕ လာေရာက္ေဖ်ာ္ေျဖ

EPN

မိုးညႇင္း၊ မတ္ ၂၀
ျမန္မာ့ရိုးရာယဥ္​​ေက်းမႈအကအလွမ်ားကိုျပည္တြင္း၌သာမက ကမၻာကထိလူႀကိဳက္မ်ား လ်က္ရိွသည့္ ပြဲထြက္ နတ္အက၊ေဇာ္အက၊ ၿမိဳင္ထ၊ ဦးေ႐ႊရိုးနွင္ေဒၚမိုးစသည့္ အကမ်ားကို ဦးစားေပးေဖ်ာ္​​ေျဖသည့္ အင္းဝေျမဝိုင္းသဘင္အဖြဲ႕သည္ေန႔နံနက္ ၉ နာရီခြဲအခ်ိန္တြင္မိုးညႇင္းၿမိဳ႕ရိွ ေ႐ႊသာေလ်ာင္း ဇာတ္ရုံတြင္အခမ့ဲလာေရာက္​​ေဖ်ာ္​​ေျဖေၾကာင္းသိရသည္
အဆိုပါအဖြဲ႕သည္ ျမန္မာအကစစ္စစ္မ်ားကို တည္တ့ံခိုင္ၿမဲရန္၊ ျမန္မာလူမ်ိဳးမ်ားအား ျမန္မာအကစစ္စစ္မ်ားတတ္ကြၽမ္ေစရန္၊ ျမန္မာအကစစ္စစ္မ်ား ျပန္႔ပြားေစရန္၊ ျမန္မာအကနွင့္ အျခားႏိုင္ငံမ်ားမွ ရိုးရာယဥ္​​ေက်းမႈအကမ်ားနွင့္ အကဝါသနာသင္ပါသူမ်ားအား ကူညီနိူင္ရန္အတြက္ ရည္႐ႊယ္တည္ေထာင္ထားသည့္အဖြဲ႕ျဖစ္​​ေၾကာင္းသိရသည္
ျမန္မာရိုးရာယဥ္​​ေက်းမႈအကမ်ားကို စိတ္အားထက္သန္ဝါသနာျဖင့္သင္ယူတတ္​​ေျမာက္လိုလ်ွင္ ကၽြန္ေတာ္မ်ား အင္းဝျမန္မာအကသင္တန္ေက်ာင္းသို႔ လာေရာက္သင္ယူႏိုင္တယ္။ သင္တန္း ကာလ(၂)နွစ္ျဖစ္ၿပီး၊ အစားအစာန႔ဲေနထိုင္စရာေပးတယ္။ အင္းဝေက်ာင္းဆင္းမ်ားသည္ ျမန္မာႏိုင္ငံ၏ အေကာင္းဆုံး ေလ့က်င့္သင္ၾကားေပးထားသည့္ အကပညာရွင္မ်ားအျဖစ္ သင္ၾကားေပးထားၿပီး သင္တန္းဆင္းလက္မွတ္ဒီပလိုမာရရိွမွာျဖစ္​​ေၾကာင္း မန္​​ေနဂ်ာဦးထြန္းထြန္းက ဆိုသည္
အင္းဝေျမဝိုင္းသဘင္အကအဖြဲ႕သည္ မတ္လ ၁၇ ရက္​​ေန႔မွ စတင္ကာ ဟိုပင္၊ နန္႔မြန္း၊ မိုးညႇင္း၊ ေမာ္ဟန္ေမာ္လူးနွင့္ ကသာၿမိဳ႕တြင္ အခမ့ဲေဖ်ာ္​​ေျဖတင္ဆက္ ကျပသြားမည္ ျဖစ္​​ေၾကာင္း အဆိုပါအဖြဲ႕ထံမွ သိရသည္
ျမန္မာ့ယဥ္​​ေက်းမႈရိုးရာအကမ်ားကို စိတ္ပါဝင္စားသူမည့္သူမဆို အခ်ိန္တိုအတြင္း ျပည္တြင္း၊ ျပည္ပ၌ေဖ်ာ္​​ေျဖတင္ဆက္လိုသူမ်ားအတြက္ အင္းဝေျမဝိုင္းသဘင္အဖြဲ႕ မန္​​ေနဂ်ာ ဦးထြန္းထြန္း ၀၉ – ၇၉၇ ၆၂၅၄၉၀၊ ၀၉ – ၄၂၈ ၁၅၃၂၈၇ သို႔ ဆက္သြယ္ႏိုင္​​ေၾကာင္းသိရသည္
အဆိုပါအဖြဲ႕သည္ ၂၀၁၆ ခုနွစ္တြင္ စတင္ထူေထာင္ၿပီး အာစီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားနွင့္ ခ်ိတ္ဆက္ကာ ျမန္မာမႈအႏုပညာရိုးရာအကမ်ားကို ထိုင္း၊ ဗီယက္နမ္နွင့္ စကၤာပူႏိုင္ငံမ်ားသို႔ အမ်ားဆုံးသြားေရာက္​​ေဖ်ာ္​​ေျဖတင္ဆက္​​လွ်က္ရွိေၾကာင္း သတင္းရရိွသည္
မိုးဟိန္
———————————————

ကချင်ပြည်နယ်သို့ အင်းဝမြေဝိုင်းသဘင်အဖွဲ့ လာရောက်ဖျော်ဖြေ

EPN
မိုးညှင်း၊ မတ် ၂၀

မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများကိုပြည်တွင်း၌သာမက ကမ္ဘာကထိလူကြိုက်များ လျက်ရှိသည့် ပွဲထွက် နတ်အက၊ ဇော်အက၊ မြိုင်ထ၊ ဦးရွှေရိုးနှင့်ဒေါ်မိုးစသည့် အကများကို ဦးစားပေးဖျော်ဖြေသည့် အင်းဝမြေဝိုင်းသဘင်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် မိုးညှင်းမြို့ရှိ ရွှေသာလျောင်း ဇာတ်ရုံတွင်အခမဲ့လာရောက်ဖျော်ဖြေကြောင်းသိရသည်။

အဆိုပါအဖွဲ့သည် မြန်မာအကစစ်စစ်များကို တည်တံ့ခိုင်မြဲရန်၊ မြန်မာလူမျိုးများအား မြန်မာအကစစ်စစ်များတတ်ကျွမ်းစေရန်၊ မြန်မာအကစစ်စစ်များ ပြန့်ပွားစေရန်၊ မြန်မာအကနှင့် အခြားနိုင်ငံများမှ ရိုးရာယဉ်ကျေးမှုအကများနှင့် အကဝါသနာသင်ပါသူများအား ကူညီနိူင်ရန်အတွက် ရည်ရွှယ်တည်ထောင်ထားသည့်အဖွဲ့ဖြစ်ကြောင်းသိရသည်။

မြန်မာရိုးရာယဉ်ကျေးမှုအကများကို စိတ်အားထက်သန်ဝါသနာဖြင့်သင်ယူတတ်မြောက်လိုလျှင် ကျွန်တော်များ အင်းဝမြန်မာအကသင်တန်းကျောင်းသို့ လာရောက်သင်ယူနိုင်တယ်။ သင်တန်း ကာလ(၂)နှစ်ဖြစ်ပြီး၊ အစားအစာနဲ့နေထိုင်စရာပေးတယ်။ အင်းဝကျောင်းဆင်းများသည် မြန်မာနိုင်ငံ၏ အကောင်းဆုံး လေ့ကျင့်သင်ကြားပေးထားသည့် အကပညာရှင်များအဖြစ် သင်ကြားပေးထားပြီး သင်တန်းဆင်းလက်မှတ်ဒီပလိုမာရရှိမှာဖြစ်ကြောင်း မန်နေဂျာဦးထွန်းထွန်းက ဆိုသည်။

အင်းဝမြေဝိုင်းသဘင်အကအဖွဲ့သည် မတ်လ ၁၇ ရက်နေ့မှ စတင်ကာ ဟိုပင်၊ နန့်မွန်း၊ မိုးညှင်း၊ မော်ဟန်၊ မော်လူးနှင့် ကသာမြို့တွင် အခမဲ့ဖျော်ဖြေတင်ဆက် ကပြသွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

မြန်မာ့ယဉ်ကျေးမှုရိုးရာအကများကို စိတ်ပါဝင်စားသူမည့်သူမဆို အချိန်တိုအတွင်း ပြည်တွင်း၊ ပြည်ပ၌ဖျော်ဖြေတင်ဆက်လိုသူများအတွက် အင်းဝမြေဝိုင်းသဘင်အဖွဲ့ မန်နေဂျာ ဦးထွန်းထွန်း ၀၉ – ၇၉၇ ၆၂၅၄၉၀၊ ၀၉ – ၄၂၈ ၁၅၃၂၈၇ သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

အဆိုပါအဖွဲ့သည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ပြီး အာစီယံအဖွဲ့ဝင်နိုင်ငံများနှင့် ချိတ်ဆက်ကာ မြန်မာမှုအနုပညာရိုးရာအကများကို ထိုင်း၊ ဗီယက်နမ်နှင့် စင်္ကာပူနိုင်ငံများသို့ အများဆုံးသွားရောက်ဖျော်ဖြေတင်ဆက်လျှက်ရှိကြောင်း သတင်းရရှိသည်။

မိုးဟိန်း

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။