Trending Now

အိန္ဒိယ ရထားတိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့လူတွေရဲ့ ရုပ်အလောင်း ၁၀၀ ကျော် မိသားစု၀င်တွေကို စောင့်ဆိုင်းနေရဆဲ

Spread the love

အိန္ဒိယ ရထားတိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့လူတွေရဲ့ ရုပ်အလောင်း ၁၀၀ ကျော် မိသားစု၀င်တွေကို စောင့်ဆိုင်းနေရဆဲ

EPN
နိုင်ငံတကာ၊ ဇွန် ၆

အိန္ဒိယနိုင်ငံမှာ လူပေါင်း ၂၇၅ ဦး သေဆုံးခဲ့တဲ့ ရထားသုံးစင်း တိုက်မိပြီး လေးရက်အကြာထိ ရုပ်အလောင်း ၁၀၅ လောင်းကို မိသားစု၀င်တွေ လာရောက်ယူဆောင်ခြင်း မရှိသေးဘူးလို့ ဘီဘီစီက ဖော်ပြထားပါတယ်။

အိန္ဒိယအရှေ့ပိုင်း အိုဒီဆာ ပြည်နယ်မှာ သောကြာနေ့က အချက်ပြစနစ် မှားယွင်းမူကြောင့် ခရီးသည်တင် အမြန်ရထားတစ်စင်း လမ်းမှားပေါ်ကို တက်သွားခဲ့ပြီး ရပ်ထားတဲ့ ကုန်တင်ရထားတစ်စီးကို တိုက်မိခဲ့ပါတယ်။

တိုက်မိတဲ့အရှိန်ကြောင့် မီးရထားခေါင်းနဲ့ ရထားတွဲ ၅ တွဲခန့် လွင့်ထွက်သွားကာ ဆန့်ကျင်ဘက်ကို ဦးတည်သွားနေတဲ့ ခရီးသည်တင် ရထားတစ်စီးရဲ့ နောက်တွဲတွေကို ထိမှန်ခဲ့ပြီး ရထားတွဲ အများအပြား လမ်းချော်သွားခဲ့ပါတယ်။

ဒီရထားမတော်တဆမှုကြောင့် အနည်းဆုံး လူ ၂၇၅ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး လူ ၁၀၀၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မီးရထားအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ရထားနှစ်စင်းပေါ်မှာ ခရီးသည် ၃၀၀၀ ကျော် လိုက်ပါလာတယ်လို့ ယူဆရကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

သေဆုံးသူတွေကို မိသားစု၀င်တွေ ရှာဖွေတွေ့ရှိနိုင်ဖို့ ဓာတ်ပုံတွေ အစိုးရ၀က်ဘ်ဆိုက်မှာ ဖော်ပြထားသလို ဆေးရုံတွေမှာလည်း စုံစမ်းမေးမြန်းနိုင်တဲ့ စင်တာတွေဖွင့်လှစ်ထားပေမယ့် ရုပ်အလောင်းအများအပြား ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် မိုဒီက စနေနေ့က အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေနဲ့ ကျန်ရစ်သူမိသားစုတွေကို အစိုးရက ကူညီမှာ ဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ်။

ref; bbc

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။