Trending Now

မြန်မာနိုင်ငံကို ပိုတင်းကျပ်တဲ့စီးပွားရေးအရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်သား ကမ်အဲရစ် တောင်းဆို

Spread the love

မြန်မာနိုင်ငံကို ပိုတင်းကျပ်တဲ့စီးပွားရေးအရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်သား ကမ်အဲရစ် တောင်းဆို

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၀

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာနိုင်ငံကို ပိုမိုတင်းကျပ်တဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်သင့်ပြီး မြန်မာ့တပ်မတော်က လေယာဉ်ဆီဝယ်လို့မရအောင် ကန့်သတ်ပိတ်ဆို့ထားသင့်တယ်လို့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့သားဖြစ်သူ ကမ်အဲရစ်က Sky News သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် မြန်မာ့တပ်မတော်ကအာဏာမသိမ်းခင်မှာ မြန်မာနိုင်ငံရဲ့ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံရပြီး နှစ်နှစ်ကြာတဲ့အချိန်မှာ ကမ်အဲရစ်က အခုလိုပြောကြားလိုက် တာဖြစ်ပါတယ်။

တပ်မတော်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ပြည်တွင်းစစ်အခြေအနေတွေကို သတင်းထောက်ချုပ် စတတ်ရမ်ဆေးနဲ့အဖွဲ့ မြန်မာနိုင်ငံထဲကို ဝင်ရောက်သတင်းရယူပြီးနောက်မှာ ကမ်အဲရစ်က Sky News သတင်း ဌာနနဲ့ အင်တာဗျူးခဲ့တာဖြစ်ပါတယ်။

သတင်းထောက်ချုပ်စတတ်ရမ်ဆေးနဲ့အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာ မြန်မာ့တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ၊ ဆေးတပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ တစ်လကြာသွားရောက်တွေ့ဆုံခဲ့တယ်လို့ဆို ပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေမျှော်လင့်နေသလို နိုင်ငံတကာအစိုးရတွေက မြန်မာနိုင်ငံထဲက စစ်ပွဲအကြောင်းကို ဘာ့ကြောင့် မပြောကြတာလဲလို့ မေးမြန်းတဲ့အခါ မစ္စတာအဲရစ်က “ကံမကောင်းအကြောင်းမလှစွာပဲ လူတွေ ဟာ သူတို့ကိုယ်တိုင်တွေ့ကြုံခံစားရတာမျိုးမရှိဘဲ ကမ္ဘာကြီးရဲ့တစ်ဘက်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို စိတ် ဝင်စားပုံမရဘူးထင်ပါတယ်။ ဒီလိုပဲ အစိုးရတွေကလည်း ဘာမှလုပ်မယ့်အစီအစဉ်ရှိပုံမရပါဘူး။” လို့ ၎င်းက ပြန် ဖြေပါတယ်။

အစိုးရတွေဟာ ဖြစ်ပျက်နေတာတွေကို ပြစ်တင်ရှုတ်ချနေကြပေမဲ့ လက်ရှိအချိန်မှာ အဲဒီထက်ပိုပြီး အဓိပ္ပာယ်ရှိ တဲ့အဆင့်တွေ တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဘယ်လိုအရေးယူဆောင်ရွက်မှုမျိုးတွေဖြစ်နိုင်မလဲလို့ မေးတဲ့အခါ မစ္စတာအဲရစ်က “ပိုပြီးပြင်းထန်တဲ့စီးပွားရေး အရေးယူပိတ်ဆို့မှုတွေချမှတ်တာက အထောက်အကူဖြစ်ပါလိမ့်မယ်။ ပြီးတော့ မြန်မာ့တပ်မတော်ကို လေယာဉ် ဆီတွေနဲ့ အလားတူအထောက်အပံ့ပစ္စည်းတွေ ဝယ်ယူလို့မရအောင် ကန့်သတ်ပိတ်ဆို့ထားရပါမယ်။” လို့ ၎င်း က ပြောပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ မြန်မာ့တပ်မတော်ကို ခေတ်မီလက်နက်တွေထောက်ပံ့နေတယ်ဆိုတာထုတ်ဖော် ပြောကြားခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ အစီရင်ခံစာတစ်ခုကို ၎င်းက ကိုးကားပြော ဆိုသွားပါတယ်။

မစ္စတာအဲရစ်ဟာ အစောပိုင်းကာလတွေက ၎င်းမိခင်ဖြစ်သူနဲ့အတူ ဗြိတိန်နိုင်ငံမှာကြီးပြင်းခဲ့ပြီး မိခင်ဖြစ်သူ ဒေါ် အောင်ဆန်းစုကြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေမြှင့်တင်ပြီး နိုင်ငံရေးလုပ်ဖို့ မြန်မာပြည်ပြန်သွားတဲ့အချိန် မှာ ဗြိတိန်နိုင်ငံမှာ ကျန်ရစ်ခဲ့ပါတယ်။

မစ္စတာအဲရစ်အနေနဲ့ အာဏာမသိမ်းခင်က ၎င်းမိခင်နဲ့ စကားပြောခဲ့ရပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၎င်းမိ ခင်နဲ့ အဆက်အသွယ်မရတော့ကြောင်း၊ တရားဝင်အဆက်အသွယ်ရဖို့ အာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပေမဲ့ ဘာမှ အကြောင်းပြန်ကြားခြင်းမရှိကြောင်း Sky News ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးကို နှောင့်ယှက်နေသူအဖြစ်ရှုမြင်ပြီး မြန်မာ့တပ်မ တော်အာဏာပိုင်တွေဟာ ၁၉၈၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်ကြားကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ် ကြိမ်ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။

နောက်ဆုံးအကြိမ်ပြန်လွှတ်လိုက်ပြီးနောက် ၂၀၁၆ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အတိုင်ပင်ခံအဖြစ် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံခေါင်း ဆောင်တွေကို မြန်မာ့တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Ref: Aung San Suu Kyi’s son calls on governments to impose ‘tougher sanctions’ on Myanmar

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။