Trending Now

ဘီးလင်းမြို့နယ်ရှိ လျှပ်စစ်ရုံးကို KNU/ PDF အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီး၊ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

Spread the love

ဘီးလင်းမြို့နယ်ရှိ လျှပ်စစ်ရုံးကို KNU/ PDF အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီး၊ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

EPN
ဘီးလင်း၊ ဖေဖော်ဝါရီ ၁၅ (၂၀၂၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာရှိ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက်အစောပိုင်းက KNU/ PDF အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် အစောပိုင်း ၄ နာရီကျော်ခန့်က KNU/ PDF အဖွဲ့ဝင်များသည် ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်ရှိ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးရုံး၏ ငွေလက်ခံကောင်တာနှင့် ထရန်စဖော်မာအနီးတွင် မိုင်းထောင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ညပိုင်း ဂျူတီကျနေသည့် လျှပ်စစ်ဝန်ထမ်း ဦးထွန်းထွန်းဦးတွင် ဘယ်ဘက်ပခုံး၌ ထိခိုက်ဒဏ်ရာရရှိကာ မြို့နယ်လျှပ်စစ်ဦးစီးမှူး၏ နေအိမ်တံခါးနှင့် ရုံးအဝင်တံခါးတို့ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်၍ ထိခိုက်ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။