Trending Now

ဆီးရီးယားနိုင်ငံရှိ အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွတွေရဲ့ ဘန်ကာတွေကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်

Spread the love

ဆီးရီးယားနိုင်ငံရှိ အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွတွေရဲ့ ဘန်ကာတွေကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၄

အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ စစ်သွေးကြွတွေအသုံးပြုနေတဲ့ အဆောက်အဦတွေကို သြဂုတ်လ ၂၃ ရက်နေ့ မှာ အမေရိကန်ပြည်ထောင်စုက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို အမေရိကန်စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အမိန့်နဲ့ ရေနံကြွယ်ဝတဲ့ ဒိုင်အီးယားအက်ဇိုးပြည်နယ်မှာပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှု ဟာ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်နဲ့ ဆက်နွယ်မှုရှိနေတဲ့ အကြမ်းဖက်အဖွဲအစည်းတွေအသုံးပြုနေတဲ့ အခြေခံအဆောက်အဦတွေကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဂျိုးဘတ်စီနိုက ပြောပါတယ်။

အခုတိုက်ခိုက်မှုဟာ သြဂုတ်လ ၁၅ ရက်နေ့က အီရန်ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွအဖွဲတွေ က အမေရိကန်ဦးဆောင်တဲ့ ဂျီဟတ်ဝါဒီဆန့်ကျင်ရေးအဖွဲတွေနဲ့ အမေရိကန်တပ်ဖွဲဝင်တွေကို တိုက်ခိုက်ခဲ့သလို တိုက်ခိုက်မှုမျိုးကို ကာကွယ်ဖို ရည်ရွယ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဂျိုးဘတ်စီနိုက ပြောပါတယ်။

အင်္ဂါနေ့က တိုက်ခိုက်မှုဟာ ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေသိုလှောင်ထားတဲ့ ဘန်ကာ ၉ လုံးကို တိုက်ရိုက်ထိ မှန်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂျိုးဘတ်စီနိုက CNN ကို ပြောပါတယ်။

အမေရိကန်စစ်တပ်က မူလက အဲဒီဝင်းထဲမှာရှိတဲ့ ဘန်ကာ ၁၃ လုံးအနက် ဘန်ကာ ၁၁ လုံးကို တိုက်ခိုက်ဖျက် ဆီးပစ်ဖို ရည်ရွယ်ထားတာဖြစ်ပေမဲ့လည်း ဘန်ကာ ၂ လုံးအနီးမှာ လူတွေအုပ်စုလိုက်နေထိုင်နေကြတာကိုတွေ့ ရတဲ့အတွက် အဲဒီဘန်ကာ ၂ လုံးကို ပစ်မှတ်စာရင်းက ဖြုတ်ထားပစ်ခဲ့ကြောင်း၊ ကနဦးလေ့လာစုံစမ်းမှုအရ အဲဒီ တိုက်ခိုက်မှုကြောင့် ဘန်ကာ ၉ လုံး ပျက်စီးခဲ့ပေမဲ့ လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိကြောင်း ဂျိုးဘတ်စီနို က ပြောပါတယ်။

အမေရိကန်တပ်ဖွဲတွေဟာ ထိရောက်မှုကိုကန့်သတ်ထားသလို သေဆုံးမှုနည်းနိုင်သမျှနည်းအောင် ရည်ရွယ်ပြီး အချိုးကျကျ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဂျိုးဘတ်စီနိုက ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ ISIS တွေကို တိုက်ခိုက်ဖိုရည်ရွယ်ပြီး ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အမေရိကန်တပ် ဖွဲဝင် ရာနဲ့ချီပြီး တပ်ဖြန့်ချထားပါတယ်။

Ref: U.S. airstrikes hit Iran-backed militia infrastructure in Syria, U.S. says

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။