Trending Now

အမေရိကန်က တရုတ်အဖွဲ့အစည်း ၃၃ ခုကို အမည်ပျက်စာရင်းသွင်း

Spread the love

အမေရိကန်က တရုတ်အဖွဲ့အစည်း ၃၃ ခုကို အမည်ပျက်စာရင်းသွင်း

EPN
နိုင်ငံတကာ၊ မေ ၂၃

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်း သို့မဟုတ် စစ်ရေးရည်ရွယ်ချက်များဖြင့် အမေရိကန်နည်း ပညာ အသုံးပြုခြင်းကြောင့် တရုတ်ကမ္ပဏီနှင့် အဖွဲ့အစည်း ၃၃ ခုကို စီးပွားရေးအမည်ပျက်စာရင်းသွင်းမည်ဟု အမေရိကန်အစိုးရက ပြောကြားသည်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂၂ ရက်တွင် ကြေညာချက်တစ်ရပ် ပြုလုပ်ခဲ့ သည်။

အမည်စာရင်းသွင်းမည့် အဖွဲ့အစည်းများတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအောက်ရှိ မှုခင်းဆေးပညာ သိပ္ပံဌာန၊ ဉာဏ်ရည်တုနည်းပညာနှင့် 5G ဆက်သွယ်ရေးကွန်ရက်များ ဆောင်ရွက်နေသည့်ကုမ္ပဏီများ ပါဝင် သည်။

အဖွဲ့အစည်းအချို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အလွဲသုံးစားမှုများ၊ လူများ အစုလိုက်အပြုံ လိုက် ထိန်းသိမ်းထားခြင်း၊ အဓမ္မစေခိုင်းမှု၊ ဝီဂါမူဆလင်များ၊ အခြားလူနည်းစုများကို အဆင့်မြင့်နည်းပညာသုံး၍ စောင့်ကြပ်ခြင်းတို့ကြောင့် အမည်ပျက်စာရင်း သွင်းခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီအချို့ကိုမူ တရုတ်တပ်မတော်အတွက် ပစ္စည်းကိရိယာများ ကူညီထုတ်လုပ်ပေးခြင်းကြောင့် အ ရေးယူခြင်းဖြစ်သည်။ အဆိုပါအဖွဲ့အစည်းများ၊ ကုမ္ပဏီများကို အမေရိကန်နည်းပညာနှင့် အမေရိကန်ထုတ်ကုန် များ ဝယ်ယူခွင့်မရှိစေရန် ကန့်သတ်မည့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း ဝီဂါလူမျိုးများအပေါ် ပြုမူဆက်ဆံမှုနှင့်ပတ်သက်သော ဗွီဒီယိုစောင့်ကြည့်ရေးလုပ်ငန်းတစ်ခု အပါအဝင် တရုတ်နိုင်ငံပိုင် ဗျူရိုနှင့်ကုမ္ပဏီ ၂၈ ခုနှင့် ကုန်သွယ်မှုမပြုလုပ်ရန် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပိတ်ပင်ချက်တစ်ခု ကြေညာခဲ့သည်။

ယခုကြေညာချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၊ ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုနှင့်ပတ်သက်၍ ယခုနှစ်အတွင်း အမေရိကန်နှင့်တရုတ်ကြား နောက်ဆုံးအကြိမ် တင်းမာမှုဖြစ်သည်။

–ကိုးကား–
အင်န်အိတ်ချ် ကေ
Ref; US to add 33 Chinese entities to blacklist


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။