Trending Now

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Spread the love

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
 

EPN
နိုင်ငံတကာ မတ် ၂၇

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။ အပူ ချိန်မြင့်မားခြင်းနှင့် ချောင်းဆိုးခြင်းအပါအဝင် ၂၄ နာရီအတွင်း အပျော့စား ရောဂါလက္ခဏာများ ပြသခဲ့ ကြောင်း ဘောရစ်ဂျွန်ဆင်က ပြောကြားသည်။

အမှတ် ၁၀ နေအိမ်၌ သီးသန့်ခွဲ၍နေမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ဗီဒီယို ကွန်းဖရင့်မှတစ်ဆင့် ဗြိတိန်အစိုးရ၏ တုံ့ပြန်မှုကိုဦးဆောင်မည်ဟု ၎င်းက ပြောကြားသည်။ ဘောရစ်ဂျွန် ဆင်ကို ကြာသပတေးနေ့က လူမြင်ကွင်းတွင် နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်။

“ကျွန်တော် အိမ်ကနေ အလုပ်လုပ်နေပြီး သီးသန့်ခွဲနေပါတယ်” ဟု တွစ်တာအကောင့်ရှိ ရုပ်သံ တစ်ခုအတွင်း ၎င်းက ပြောကြားသည်။ တိုင်းပြည်၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ဦးဆောင်ရန် အစိုးရ အဖွဲ့နှင့် ဆက်သွယ်နိုင်သည့် ခေတ်မီနည်းပညာကို ကျေးဇူးတင်မိကြောင်း သူကဆိုသည်။

“သက်ဆိုင်သူအားလုံးနဲ့ အမျိုးသားကျန်းမာရေးဌာန (NHS) ဝန်ထမ်းတွေကို ကျေးဇူးတင် ကြောင်း ကျွန်တော်ပြောလိုပါတယ်” ဟု ဘောရစ်ဂျွန်ဆင်က ပြောသည်။

ကျန်းမာရေးအရာရှိချုပ် ပါမောက္ခ ခရစ်ဝှက်တီ၏ အကြံပြုချက်အရ ဘောရစ်ဂျွန်ဆင်ကို အမှတ် ၁၀ နေအိမ်၌ အမျိုးသားကျန်း မာရေးဌာန (NHS) ဝန်ထမ်းတွေက ကိုဗစ်-၁၉ ကူးစက်မှုရှိ မရှိ စစ်ဆေး ခဲ့ခြင်းဟု ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။ ဘောရစ်ဂျွန်ဆင်က ဗြိတိန်အစိုးရ၏ ကိုဗစ်-၁၉ တိုက်ဖျက် ရေးတွင် ဦးဆောင်မည်ဖြစ်သည်။

–ကိုးကား–ဘီဘီစီ
Ref; Prime Minister Boris Johnson tests positive


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။