Trending Now

ဘင်္ဂလားဒေ့ရ်ှ သာသနာရေး၀န်ကြီး COVID-19 ကြောင့် ကွယ်လွန်

Spread the love

ဘင်္ဂလားဒေ့ရ်ှ သာသနာရေး၀န်ကြီး COVID-19 ကြောင့် ကွယ်လွန် 

EPN
နိုင်ငံတကာ၊ ဇွန် ၁၅

ဘင်္ဂလားဒေ့ရ်ှ သာသနာရေး၀န်ကြီးရှိတ် အဗ္ဗဒူလာဟာ စနေနေ့ညမှာ သေဆုံးခဲ့ပြီး တနင်္ဂနွေနေ့ မနက်ပိုင်း စမ်းသပ်ချက်ရလဒ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အဖြေထွက်လာပါတယ်။

အသက် ၇၅ နှစ်ရှိနေတဲ့အဗ္ဗဒူလာဟာ ဒါကာမြို့မှာရှိတဲ့ တပ်မတော်ပူးပေါင်းဆေးရုံမှာ စနေနေ့ညနက်ပိုင်းက နှလုံးရပ်သေဆုံးခဲ့တာလို့ သူ့ရဲ့လက်ထောက်ကိုယ်ရေးအတွင်းရေးမှူးရှိတ် နက်ဇ်မူဟာဆိုင်ကတ်က ပြောပါတယ်။

သူ့ကို တနင်္ဂနွေနေ့က သူ့ရဲ့မွေးရပ်မြေဂိုပယ်ဂန့်ဆန်ဒါမြို့နယ်က ကက်ကာနီယာရွာမှာရှိတဲ့ မိသားစုသင်္ချိုင်းမှာ မြေမြှုပ်သဂြိုဟ်ခဲ့ပါတယ်။

သူသေဆုံးမှုအတွက် ၀မ်းနည်းကြောင်း သမ္မတ အဗ္ဗဒူဟာမစ်နဲ့ ၀န်ကြီးချုပ်ရှိတ် ဟာဆီနာတို့ကလည်း ထုတ် ပြောခဲ့ပါတယ်။

အဗ္ဗဒူလာတင်မက မကြာသေးခင်ကမှခန့်အပ်ခဲ့တဲ့ ကျန်းမာရေး၀န်ကြီးအဗ္ဗဒူ မန်နန်ရဲ့ဇနီးဖြစ်သူလည်း စနေနေ့ ညက COVID-19 ကြောင့် ကွယ်လွန်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာ သူဟာ COVID-19 ကြောင့်ဆေးရုံတက် ကုသမှုခံယူခဲ့ပြီး ရောဂါအခြေအနေဆိုးလာတယ်လို့ မန်နန်ရဲ့ကိုယ်ရေး အတွင်းရေးမှူးက အတည်ပြုပါတယ်။

တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ COVID-19 ကြောင့်သေဆုံးသူ ၃၂ ယောက်ထပ်တိုးခဲ့ပြီး ကူးစက်ခံရသူ ၃၁၄၁ ယောက်ထပ်တိုးလာပါတယ်။

ဒါ့ကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၁၁၇၁ ယောက်ရှိနေပြီး ကူးစက်ခံရသူ ၈၇၅၂၀ ယောက်ရှိနေပါတယ်။

Ref : State minister Sheikh Abdullah, health secy’s wife die of COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။