Trending Now

မန်ယူကို ဝယ်မယ်ဆိုပြီး ဟာသလုပ်လိုက်တဲ့ အီလွန်မက်စ်

Spread the love

မန်ယူကို ဝယ်မယ်ဆိုပြီး ဟာသလုပ်လိုက်တဲ့ အီလွန်မက်စ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၇

ကမ္ဘာကျော်သူဌေးတစ်ဦးဖြစ်တဲ့ အီလွန်မက်စ်ဟာ မန်ယူအသင်းကို ဝယ်ယူမယ်လို့ ယမန်နေ့က တွစ်တာမှာရေးသားခဲ့ပြီး သူ့ရဲ့ ရေးသားမှုကြောင့် တစ်ကမ္ဘာလုံးဟာ အံ့သြသင့်ခဲ့ကြပြီး အီလွန်မက်စ်က မန်ယူကို ဝယ်ယူတော့မယ်လို့ သတင်းတွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် အီလွန်မက်စ်က မန်ယူအသင်းကို ဝယ်ယူဖို့လုပ်နေတာမှဟုတ်ဘဲ ဟာသအနေနဲ့ ရေးသားခဲ့တာဖြစ်ပြီး သူဟာ ဘယ်အားကစားအသင်းကိုမှ ဝယ်ယူဖို့အစီအစဉ်မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော်ဟာ ဘယ်အကစားအသင်းကိုမှ ဝယ်ယူဖို့အစီအစဉ်မရှိသေးပါဘူး ဒါဟာ တွစ်တာမှာ ဖြစ်နေတဲ့ ဟာသတစ်ခုပါ” လို့ မက်စ်က ပြောဆိုခဲ့ပါတယ်။

မက်စ်ဟာ တွစ်တာကို သူဝယ်မယ်လို့ ပြောပြီး လေးလအကြာမှာပဲ ဒေါ်လာ ၄၄ ဘီလျံတန် တွစ်တာဝယ်ယူရေးသဘောတူညီချက်ကနေ ထွက်ဖို့ လုပ်နေတဲ့အတွက် မန်ယူကိုဝယ်မယ်ဆိုတာ ယုံကြည်နေတဲ့ သူတွေရှိသလို သံသယရှိနေသူတွေလဲ အများအပြားရှိနေခဲ့ပါတယ်။

မက်စ်ဟာ သူ့ရဲ့ အခုလိုနောက်ပြောင်မှုတွေကြောင့် ရေရေရာရာမရှိတဲ့စာသားတွေကို သူ့ရဲ့တွစ်တာအကောင့်ကနေ ရေးတင်လေ့ရှိသူအဖြစ် အများက ထင်ကြေးပေးခံရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ကိုကင်းထည့်ဖို့ ကိုကာကိုလာ( coca-cola) ကုမ္မဏီကို ဝယ်ယူမယ်လို့ တွစ်တာမှာ နောက်ပြောင်ခဲ့ပါသေးတယ်။

source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။