Trending Now

ကျောက်တံခါးမြို့နယ်၌ ဆေးကုသရန်သွားသည့် သားအမိနှစ်ဦး မိုင်းနင်မိခဲ့ပြီး ပေါက်ကွဲမှုကြောင့် အသက် လေးနှစ်အရွယ်ကလေး ခြေထောက်နှစ်ဖက်ပြတ်၊ မိခင် ဒဏ်ရာရ

Spread the love

ကျောက်တံခါးမြို့နယ်၌ ဆေးကုသရန်သွားသည့် သားအမိနှစ်ဦး မိုင်းနင်မိခဲ့ပြီး ပေါက်ကွဲမှုကြောင့် အသက် လေးနှစ်အရွယ်ကလေး ခြေထောက်နှစ်ဖက်ပြတ်၊ မိခင် ဒဏ်ရာရ

EPN

မြစ်ကြီးနား ၊ ဇူလှိုင် ၁၁

ပဲခူးတိုင်းဒေသကြီး ၊ကျောက်တံခါးမြို့နယ်၌ ဇူလှိုင် ၉ရက်နေ့က ဆေးကုရန်သွားသည့် သားအမိ ၂ ဦး အကြမ်းဖက် သ မားများ ထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိကာ ပေါက်ကွဲမှုကြောင့် ၄ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

ဇူလှိုင် ၉ ရက်နေ့ နံနက် ၇ နာရီ ခွဲအချိန်တွင် ရွှေကျင်မြို့နယ် ၊ ကျွန်းကြီးကျေးရွားနေ မချစ်သက်သက်အောင် (၂၆) နှစ် သည် နေမကောင်းသည့်သား မောင်အောင်ဆန်းလင်း(၄)နှစ်အား ကညင်းကျိုး ကျေးရွာရှိ တိုက်နယ်ဆေးရုံးသို့ ဆေးကုသရန်အတွက် သွားရောက်စဉ် လှေတန်ကျွန်း ကြီးကျေးရွာ ကူးတို့ဆိပ် အနီးအရောက်၌ အကြမ်းဖက်းသမားများထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် မောင်းအောင်ဆန်းလင်း(၄)နှစ်တွင် ဝဲ/ယာ ခြေထောက်နှစ် ချောင်း ဒူးထောက်မှ ပြတ်ကာ၊ မိခင်ဖြစ်သူ မချစ်သက်သက်အောင်တွင် မျက်နှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရှိသူများအား တာဝန်ရှိသူများမှ လိုအပ်သော ကူညီ ထောက်ပံ့မှုများပေးအပ်ကာ ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအား အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။