Trending Now

ဗန္းေမာ္ၿမိဳ႕၌ ၿမိဳ႕လယ္ေခါင္လက္ဘက္ရည္ဆိုင္တြင္ မူးယစ္ေဆးဝါးအေရာင္း အဝယ္ျပဳလုပ္ သူမ်ားကုိ ေဆျပား ၃၉၀၀၀ ႏွင့္အတူ ဖမ္းဆီးရမိ

Spread the love

 

ဗန္းေမာ္ၿမိဳ႕၌ ၿမိဳ႕လယ္ေခါင္လက္ဘက္ရည္ဆိုင္တြင္ မူးယစ္ေဆးဝါးအေရာင္း အဝယ္ျပဳလုပ္ သူမ်ားကုိ ေဆျပား ၃၉၀၀၀ ႏွင့္အတူ ဖမ္းဆီးရမိ

EPN
ဗန္းေမာ္၊ ေဖေဖၚဝါရီ ၂၄

ကခ်င္ျပည္နယ္ ဗန္းေမာ္ျမိဳ ့၌ ျမိဳ့လယ္ေခါင္လက္ဘက္ရည္ဆိုင္ တြင္ မူးယစ္ေဆးဝါး အေရာင္းအဝယ္ျပဳ လုပ္ေနသူမ်ားကုိ စိတ္ၾကြရူးသြပ္ေဆျပား ၃၉၀၀၀ ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ဗန္းေမာ္ျမိဳ့မရဲ စခန္း ထံမွသိရသည္။

ဗန္းေမာ္ခရိုင္ရဲတပ္ဖြဲ႔၊ မႈခင္းႏွိမ္ႏွင္းေရးဌာနစိတ္မွ ဒုရဲအုပ္ ျမင့္ေဇာ္ဝင္း၊ ရဲတပ္ၾကပ္ႀကီး ေအာင္ထြန္းလင္း ၊ ရဲတပ္ၾကပ္ ခင္ေမာင္ေဇာ္၊ ခရိုင္ရိုင္တပ္ဖြဲ ့မွဴးရံုးမွ ဒုရဲအုပ္ မ်ိဳမင္း၊ အမ်ိဳးသမီး ရဲေမ ရဲတပ္ၾကပ္ႀကီး ဝင္းလ့ဲဝါေဆြ တို႔ႏွင့္ မူးစိတ္/တားအဖဲြ ့ဝင္ သက္ေသ ဦးလွျမင့္၊ ဦးညြန္႔တင္တို႔ႏွင့္အတူ ေဖေဖၚဝါရီ ၂၃ ရက္ေန မြန္းလြဲ ၂ နာရီ ခြဲ အခ်ိန္ ကမူးယစ္ေဆးဝါးသတင္း အရ ဗန္းေမာ္ျမိဳ ့ မင္းကုန္းရပ္ကြက္ Island လက္ ဘက္ရည္ဆိုိင္တြင္ အသင့္ေစာင့္ဆိုင္းခဲ့ရၿပီး ထိုသုိ႔ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေစာင့္ဆိုင္းေနစဥ္ ဆိုင္အတြင္း၌ မခင္မ်ိဳး ဝင္းမွာအ ရင္ ေရာက္ရွိေနျပီး CANDA ဆိုင္ကယ္ကုိ ေအာင္ေဌး ေမာင္းႏွင္ ၍ ရင္စင္းဆိုင္ကယ္ကုိ တပ္ၾကပ္ႀကီး တင္းစိုး ေမာင္းႏွင္ၿပီး မေမာ္ေနာက္ထိုင္လိုက္ ပါ လ်ွက္ ဆုိင္အတြင္းေရာက္ရွိလာၿပီး ၄င္းတို႔အဖဲြ ့ စားပဲြဝိုင္း၌ ထိုင္စဥ္ဖမ္းဆီးေရးအဖဲြ ့က ဝိုင္းဝန္းပိတ္စို ့ ရွာေဖြဖမ္းဆီးခဲ့ၾကရာ ေအာင္ေဌးလြယ္ထားသည့္ GAOBOစာ တမ္းပါနီညိဳေရာင္ ေက်ာပိုးအိတ္ အတြင္းမွ ဝါညိဳ ေရာင္ ကြက္စိပ္ ပုဆိုးပိုင္းစျဖင့္ ထုပ္လ်ွက္ ကမၻာလုံး ပုံတံဆိပ္ပါ အျပာေရာင္ကပ္ခြါအိတ္တစ္အိတ္ လ်ွင္ Wy စာတမ္းပါ ပန္းေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား ၁၉၅ ျပားစီပါ ၁၀၀ ထုပ္၊ ေဆးျပား ၁၉၅၀၀ ျပား၊ 88/1စာတမ္းပါ ပန္းေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား ၁၉၅ ျပားစီပါ ၁၀၀ ထုပ္၊ ေဆးျပား ၁၉၅၀၀ ျပား၊ စုစုေပါင္းေဆးျပား ၃၉၀၀၀ ျပား အေလး ခ်ိန္( ၃၉၀၀ ) ဂရမ္( တန္ဘိုး ေငြက်ပ္ ၇၈၀ သိန္း) ႏွင့္ လက္ကိုင္ဖုန္းမ်ား၊ တပ္ၾကပ္ႀကီး တင္စိုး လြယ္ထားသည့္ Mr-X စာတမ္းပါ နက္ျပာေရာင္ေဘးအိတ္အတြင္းမွ MA-5 လက္နက္နံပါတ္ W 1963 ပစၹတို တစ္လက္ႏွင့္ ၄င္းေသနပ္က်ည္အိမ္ႏွစ္ခု၊ ၉ မ မက်ည္ ၂၄ေတာင့္ ။မူးယစ္ေရာင္းရေငြဟုယူဆရေသာ ျမန္မာေငြ က်ပ္ ၁၀ သိနိး တို ့အားရွာေဖြေတြ ရွိခ့ဲၾကသျဖင္ ့ ရွာေဖြ ပုံစံ ေရးသြင္း၍ သက္ေသမ်ားေရွ႕တြင္ သိမ္းဆည္းခ့ဲေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားကို မေမာ္က ေအာင္ေဌးကုိ ေဆးျပားသယ္ေဆာင္ခေငြက်ပ္ တစ္သိန္းျဖင့္ ငွားရမ္းသယ္ေဆာင္ခိုင္းျခင္းျဖစ္ေၾကာင္းရဲမွတ္တမ္းအရသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဒုရဲအုပ္ျမင့္ေဇာ္ဝင္းက တရားလို ျပဳ လုပ္တိုင္တန္းခ့ဲရာ ဗန္းေမာ္ၿမိဳ႕မရဲ စခန္းက မယ
( ပ)၃၅ /၂၀၁၉ ၊ မူး/စိတ္ပုဒ္မ ၁၉ ( က)၂၀/ က/၂၂(ခ )/၂၁ အရ အမႈဖြင့္၍ ေအာင္ေဌး ၃၀ ႏွစ္ ။(ဘ )ဦးေပါက္စ ။ေတာင္သူ။ခတ္ခုံေက်း ရြာ ။မဘိန္းျမိဳ ့နယ္ေနသူ၊ တကကတင္စိုး ၄၇ ႏွစ္ ။ (ဘ )ဦးေပါက္။ ခလရ ၂၆၈ ။ဖလမ္း ျမိဳ ့ေနသူ။ မခင္မ်ိးဝင္း၂၉ ႏွစ္ ။(ဘ )ဦးေက်ာ္ဝင္း၊ ေနာင္ပိန္ေက်းရြာ ။ေရႊကူ ျမိဳ ့နယ္ေနသူႏွင့္ မေမာ္ ၃၆ ႏွစ္ ။(ဘ )ဦးထြန္ းလင္း။စီေသာ္ေက်းရြာ ။ေရႊကူ ျမိဳ နယ္ ေနထိုင္သူတို႔ကို ဗန္းေမာ္ ျမိဳ ့မရဲစခန္းကဖမ္းဆီး စစ္ေဆးအေရးယူေဆာင္ရြက္လ်ွက္ရွိေၾကာင္း သိရသည္။

ဗန္းေမာ္သုခမိန္
————————–——————
ဗန်းမော်မြို့၌ မြို့လယ်ခေါင်လက်ဘက်ရည်ဆိုင်တွင် မူးယစ်ဆေးဝါးအရောင်း အဝယ်ပြုလုပ်နေသူများကို ဆေပြား ၃၉၀၀၀ နှင့်အတူ ဖမ်းဆီးရမိ
EPN
ဗန်းမော်၊ ဖေဖေါ်ဝါရီ ၂၄

ကချင်ပြည်နယ် ဗန်းမော်မြို့၌ မြို့လယ်ခေါင်လက်ဘက်ရည်ဆိုင် တွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြု လုပ်နေသူများကို စိတ်ကြွရူးသွပ်ဆေပြား ၃၉၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဗန်းမော်မြို့မရဲ စခန်း ထံမှသိရသည်။
ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ဒုရဲအုပ် မြင့်ဇော်ဝင်း၊ ရဲတပ်ကြပ်ကြီး အောင်ထွန်းလင်း ၊ ရဲတပ်ကြပ် ခင်မောင်ဇော်၊ ခရိုင်ရိုင်တပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မျိုမင်း၊ အမျိုးသမီး ရဲမေ ရဲတပ်ကြပ်ကြီး ဝင်းလဲ့ဝါဆွေ တို့နှင့် မူးစိတ်/တားအဖွဲ့ဝင် သက်သေ ဦးလှမြင့်၊ ဦးညွန့်တင်တို့နှင့်အတူ ဖေဖေါ်ဝါရီ ၂၃ ရက်နေ မွန်းလွဲ ၂ နာရီ ခွဲ အချိန် ကမူးယစ်ဆေးဝါးသတင်း အရ ဗန်းမော်မြို့ မင်းကုန်းရပ်ကွက် Island လက် ဘက်ရည်ဆိုင်တွင် အသင့်စောင့်ဆိုင်းခဲ့ရပြီး ထိုသို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စောင့်ဆိုင်းနေစဉ် ဆိုင်အတွင်း၌ မခင်မျိုး ဝင်းမှာအ ရင် ရောက်ရှိနေပြီး CANDA ဆိုင်ကယ်ကို အောင်ဌေး မောင်းနှင် ၍ ရင်စင်းဆိုင်ကယ်ကို တပ်ကြပ်ကြီး တင်းစိုး မောင်းနှင်ပြီး မမော်နောက်ထိုင်လိုက် ပါ လျှက် ဆိုင်အတွင်းရောက်ရှိလာပြီး ၎င်းတို့အဖွဲ့ စားပွဲဝိုင်း၌ ထိုင်စဉ်ဖမ်းဆီးရေးအဖွဲ့က ဝိုင်းဝန်းပိတ်စို့ ရှာဖွေဖမ်းဆီးခဲ့ကြရာ အောင်ဌေးလွယ်ထားသည့် GAOBOစာ တမ်းပါနီညိုရောင် ကျောပိုးအိတ် အတွင်းမှ ဝါညို ရောင် ကွက်စိပ် ပုဆိုးပိုင်းစဖြင့် ထုပ်လျှက် ကမ္ဘာလုံး ပုံတံဆိပ်ပါ အပြာရောင်ကပ်ခွါအိတ်တစ်အိတ် လျှင် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားစီပါ ၁၀၀ ထုပ်၊ ဆေးပြား ၁၉၅၀၀ ပြား၊ 88/1စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားစီပါ ၁၀၀ ထုပ်၊ ဆေးပြား ၁၉၅၀၀ ပြား၊ စုစုပေါင်းဆေးပြား ၃၉၀၀၀ ပြား အလေး ချိန်( ၃၉၀၀ ) ဂရမ်( တန်ဘိုး ငွေကျပ် ၇၈၀ သိန်း) နှင့် လက်ကိုင်ဖုန်းများ၊ တပ်ကြပ်ကြီး တင်စိုး လွယ်ထားသည့် Mr-X စာတမ်းပါ နက်ပြာရောင်ဘေးအိတ်အတွင်းမှ MA-5 လက်နက်နံပါတ် W 1963 ပစ္ဖတို တစ်လက်နှင့် ၎င်းသေနပ်ကျည်အိမ်နှစ်ခု၊ ၉ မ မကျည် ၂၄တောင့် ။မူးယစ်ရောင်းရငွေဟုယူဆရသော မြန်မာငွေ ကျပ် ၁၀ သိနိး တို့အားရှာဖွေတွေ ရှိခဲ့ကြသဖြင့် ရှာဖွေ ပုံစံ ရေးသွင်း၍ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို မမော်က အောင်ဌေးကို ဆေးပြားသယ်ဆောင်ခငွေကျပ် တစ်သိန်းဖြင့် ငှားရမ်းသယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲအုပ်မြင့်ဇော်ဝင်းက တရားလို ပြု လုပ်တိုင်တန်းခဲ့ရာ ဗန်းမော်မြို့မရဲ စခန်းက မယ
( ပ)၃၅ /၂၀၁၉ ၊ မူး/စိတ်ပုဒ်မ ၁၉ ( က)၂၀/ က/၂၂(ခ )/၂၁ အရ အမှုဖွင့်၍ အောင်ဌေး ၃၀ နှစ် ။(ဘ )ဦးပေါက်စ ။တောင်သူ။ခတ်ခုံကျေး ရွာ ။မဘိန်းမြို့နယ်နေသူ၊ တကကတင်စိုး ၄၇ နှစ် ။ (ဘ )ဦးပေါက်။ ခလရ ၂၆၈ ။ဖလမ်း မြို့နေသူ။ မခင်မျိးဝင်း၂၉ နှစ် ။(ဘ )ဦးကျော်ဝင်း၊ နောင်ပိန်ကျေးရွာ ။ရွှေကူ မြို့နယ်နေသူနှင့် မမော် ၃၆ နှစ် ။(ဘ )ဦးထွန် းလင်း။စီသော်ကျေးရွာ ။ရွှေကူ မြို နယ် နေထိုင်သူတို့ကို ဗန်းမော် မြို့မရဲစခန်းကဖမ်းဆီး စစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။