Trending Now

အာဖဂန်နစ္စတန်မှာ အအေးလွန်ကဲလို လူ ၇၈ ဦး သေဆုံး

Spread the love

အာဖဂန်နစ္စတန်မှာ အအေးလွန်ကဲလို လူ ၇၈ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀

အာဖဂန်နစ္စတန်မှာ ဆယ်စုနှစ်ကျော်အတွင်း အဆိုးရွားဆုံးဆောင်းရာသီကြောင့် အအေးလွန်ကဲကာ လူပေါင်း ၇၈ ဦးသေဆုံးခဲ့တယ်လို့ အဏာပိုင်တွေက ဇန်နဝါရီလ ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ သူတွေဟာ နိုင်ငံရဲ့ ပြည်နယ် ၈ ခုကလူတွေဖြစ်ပြီး အပူချိန်ဟာ -၃၄ ဒီဂရီစင်တီဂရိတ် (-၂၉.၂ ဒီဂရီဖာရင်ဟိုက်) အထိ ကျဆင်းသွားခဲ့တယ်လို့ အဏာပိုင်တွေက ပြောပါတယ်။

အာဖဂန်နစ္စတန်ဟာ ၁၅ နှစ်အတွင်း အအေးဆုံး ဆောင်းရာသီနဲ့ ရင်ဆိုင်နေရသလို ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်းအလယ်မှာ ကျရောက်နေတာဖြစ်ပါတယ်။

အမျိုးသမီး NGO အဖွဲ့တွေကို တာလီဘန်တွေက ခွင့်မပြုတော့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေအများအပြားဟာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်တန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

”လာမယ့်ရက်အနည်းငယ်အတွင်းမှာ ရာသီဥတုက ပိုအေးလာမှာဖြစ်တဲ့အတွက်ကြောင့် ထိခိုက်ခံစားရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်” လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အာဖဂန်ရဲ့ ဆောင်းရာသီ အစောပိုင်းကတည်းက အဆုတ်အအေးမိခြင်းနဲ့ အခြားအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေကို ပြင်းထန်စွာ ခံစားနေရတဲ့ ကလေးသူငယ်အရေအတွက် သိသိသာသာ တိုးလာတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှုကြောင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို နွေးထွေးလုံခြုံအောင် ထားနိုင်တဲ့ စောင်၊ အနွေးထည် စတဲ့ အခြေခံပစ္စည်းမလုံလောက်မှုတွေကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကိုးရက်အတွင်းကလည်း ဆိုးရွားတဲ့ အအေးဒဏ်ကြောင့် တိရစ္ဆာန်ကောင်ရေ ၇၇၀၀၀ ခန့် သေဆုံးခဲ့ပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာမလုံခြုံမှုကို ပိုမိုနက်ရှိုင်းလာစေနိုင်တယ်လို့ ကုလက ပြောဆိုထားပါတယ်။

— ကိုးကား —
FN
Ref; Freezing temperatures kill 78 people in Afghanistan

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။