Trending Now

ကွမ်းယာရောင်းသည့် ကောင်မလေးကို အမျိုးသားနှစ်ဦးမှဓာတ်ပုံရိုက်ခဲ့သည့်အတွက် ရည်းစားဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှု မြစ်ကြီးနားတွင် ဖြစ်ပွားခဲ့

Spread the love

ကွမ်းယာရောင်းသည့် ကောင်မလေးကို အမျိုးသားနှစ်ဦးမှဓာတ်ပုံရိုက်ခဲ့သည့်အတွက် ရည်းစားဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှု မြစ်ကြီးနားတွင် ဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား ၊ သြဂုတ် ၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေအိုက် ရပ်ကွက်တွင် ယမန်နေ့ သြဂုတ်လ ၇ ရက် ည ၉ နာရီခန့်က ရွှေအိုက်လမ်းဆုံ၊ ရွှေ နဒီကွမ်းယာဆိုင်တွင် ကွမ်းယာရောင်းသည့်ကောင်မလေးတစ်ဦးကို ကွမ်းလာဝယ်သူ လူငယ်နှစ်ဦးမှ ဓာတ်ပုံရိုက်ခဲ့သည့်အတွက် ရည်းစားဖြစ်သူမှဓားဖြင့်ထိုးသတ်ခဲ့သည့်ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိဒေသခံများထံမှ သိရသည်။

” ကောင််လေး ၂ ယောက်က ကွမ်းယာလာဝယ်ရင်း ၊ ကွမ်းယာဆိုင်က ကောင်မလေးကို ထိကပါးရိကပါး စကားပြောပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်တာ ဘေးမှာရှိတဲ့ ကောင်မလေးရဲ့ ရည်းစားကောင်လေးက ဝင်လာပြီး စကားများပြီး ကွမ်းယာခုံမှာရှိတဲ့ ဓားနဲ့ ကွမ်းလာဝယ်တဲ့ ကောင်လေး ၂ ယောက်ကို ထိုးလိုက်တာ ၊ ဒီနေ့မနက်မှ ကောင်လေး တစ်ယောက်သေသွားတယ် ကြားတယ် ” ဟု ၎င်းကပြောသည်။

ဓားထိုးခံရမှုကြောင့် အသက် (၃၀) ခန့် အရွယ်ရှိ ကို ဒီယောဆဲလ် ဆိုသူတွင် ရင်ညွှန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ၊ညာဘက်ရင်အုံ ဓားဒဏ်ရာ (၂) ချက်၊ ဘယ်ဘက် ရင်အုံ ဓားဒဏ်ရာ (၂) ချက်နှင့် ဝမ်းဗိုက်တွင် ဓားထိုးသွင်းဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး အသက် ၃၀ နှစ်ခန့် အရွယ်ရှိ ကို အားဖူ ဆိုသူတွင် ရင်ညွှန့် ထိုးသွင်းဒဏ်ရာ (၁) ချက် ရရှိခဲ့ကာ မြစ်ကြီးနားမြို့နယ် ပြည်သူဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ယင်း ဓားဒဏ်ရာရရှိသူ လူငယ်နှစ်ဦးအနက် ကို အားဖူ ဆိုသူမှာ ယနေ့ သြဂုတ်လ ၈ နေ့ နံနက် ပိုင်းခန့်တွင် ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ပြစ်မှုကျူးလွန်သူအသက် (၂၆) နှစ်အရွယ်ရှိ ကို အောင်ပိုင် (ခ) ပိုင်ပိုင်ကို မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့် အရေးယူထားကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။