Trending Now

ဧရာဝတီ ကရုဏာလူမှုကူညီရေးအသင်းမှ တာလောကြီး နာရေးကူညီမှု အသင်းသို့ အောက်ဆီဂျင် စက် နှင့် လွှဲပြောင်းလှူဒါန်း

Spread the love

ဧရာဝတီ ကရုဏာလူမှုကူညီရေးအသင်းမှ တာလောကြီး နာရေးကူညီမှု အသင်းသို့ အောက်ဆီဂျင် စက် နှင့် လွှဲပြောင်းလှူဒါန်း

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၁

မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက် ဧရာဝတီ ကရုဏာလူမှုကူညီရေးအသင်းရုံးတွင် ဇူလိုင်လ ၂၀ ရက် ၁၂ နာရီအချိန်က ဧရာဝတီ ကရုဏာလူမှုကူညီရေးအသင်းမှ တာလောကြီး နာရေးကူညီမှု အသင်းထံသို့ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) သတင်းဌာန မိသားစုမှ လှူဒါန်းထားသည့် အောက်ဆီဂျင် စက် အား လွှဲပြောင်းလှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီ ကရုဏာလူမှုကူညီရေးအသင်းထံသို့ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) သတင်းဌာန မိသားစုမှ ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) ညနေပိုင်းတွင် အောက်ဆီဂျင် စက် (HAIER oxygen concentrator) တစ်လုံးကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အောက်ဆီဂျင် စက် အား
ဧရာဝတီ ကရုဏာလူမှုကူညီရေးအသင်း က တာလောကြီး နာရေးကူညီမှု အသင်း တာဝန်ရှိသူများထံသို့ ယမန်နေ့က ပြန်လည်လွှဲပြောင်း လှူဒါန်းပေးအပ်ခဲ့သည့်ပြင် နာရေးလူမှုကူညီရေး အသင်းများ၌ လိုအပ်သည့် PPE , Mask စသည့် အသုံးအဆောင် ဆက်စပ် ပစ္စည်းများကိုလည်း လှူဒါန်းပေးအပ်ခဲ့သည်။

ထို့သို့ လှူဒါန်းမှုအပြီးတွင် တာလောကြီး နာရေးလူမှုကူညီရေးအသင်း တာဝန်ရှိသူများကလည်း ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) သတင်းဌာန သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

တာလောကြီးနာရေးလူမှုကူညီရေး အသင်းသည် ၂၀၁၆ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အသင်းသူ၊ အသင်းသား (၃၀၀) ခန့် ဖြင့် ဒေသလူမှု ကူညီရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။