Trending Now

အာဆီယံနိုင်ငံတွေ တောင်တရုတ်ပင်လယ်မှာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

Spread the love

အာဆီယံနိုင်ငံတွေ တောင်တရုတ်ပင်လယ်မှာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

EPN
နိုင်ငံတကာ၊ ဇွန် ၉

တောင်တရုတ်ပင်လယ်မှာ ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေက သဘောတူလိုက်ကြောင်း အင်ဒိုနီးရှားအရာရှိတွေက ကြာသပတေးနေ့ (ဇွန် ၈ ရက်)မှာ ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ရဲ့ နာတူနာ ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမယ်လို့ ဘာလီမှာကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပြီးမှာ အင်ဒိုနီးရှားက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ယူဒိုမာဂိုနိုက နိုင်ငံပိုင် အဆိုပါ လေ့ကျင့်ခန်းကို စက်တင်ဘာလအတွင်းမှာ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း ရေကြောင်းလုံခြုံရေးနဲ့ ကယ်ဆယ်ရေးကို အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်ပြီး တိုက်ခိုက်ရေး စစ်ဆင်ရေးများ ပါ၀င်မှာ မဟုတ်ကြောင်း မာဂိုနိုက ပြောကြားခဲ့ပါတယ်။

အဆိုပါလေ့ကျင့်မှုအတွင်း အာဆီယံအဖွဲ့၀င် နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံလည်း ပါ၀င်သွားမယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့၀င် နိုင်ငံတွေဟာ အမေရိကန် ရေတပ်နဲ့ စစ်ရေးလေ့ကျင့်မူတွေ ပြုလုပ်ဖူးပေမယ့် အခုလိုအစုအဖွဲ့လိုက် စစ်ရေးလေ့ကျင့်မူတွေ ယခင်က ပြုလုပ်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

ref;CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။