Trending Now

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး လျှပ်စစ်ရထားလိုင်း ဖွင့်လှစ်

Spread the love

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး လျှပ်စစ်ရထားလိုင်း ဖွင့်လှစ်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး လျှပ်စစ်ရထားလိုင်းဖွင့်ပွဲကို ဒါကာမြို့တော်မှာ မနေ့က ကျင်ပပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် နောက်ထပ် ဂုဏ်သိက္ခာတစ်ခုဖြစ်သလို နိုင်ငံရဲ့ နောက်ထပ် ဂုဏ်ယူဝင့်ကြွားစရာ ဖွံဖြိုးမှုပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် ရှိခ် ဟာဆီနာက ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အခုတည်ဆောက်ထားတဲ့ ရထားလိုင်းသစ်မှာ ဘူတာပေါင်း ၁၀၀ ကျော်ပါရှိပြီး လက်ရှိမှာတော့ ဒါကာမြို့ရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပြေးဆွဲနိုင်မှာဖြစ်ကာ ၂၀၃၀ ရောက်မှ အပြည့်အ၀ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီရထားလိုင်းဟာ လူဦးရေ သန်း ၂၀ ကျော်နေထိုင်တဲ့ ဒါကာမြို့မှာ ယာဉ်ကြော ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ မျော်လင့်ထားပြီး ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ဆုံးရှုံးမှုဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၃ ဘီလီယံလောက်အထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ တံတား ရာနဲ့ချီအပါအဝင် နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးအများအပြား ဖွင့်လှစ်နိုင်ခဲ့သလို အခု လျှပ်စစ်ရထားလိုင်းကလည်း ဒီစီမံကိန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

လျှပ်စစ်ရထားလိုင်းသစ်ကုန်ကျမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂.၈ ဘီလီယံ လောက်ရှိခဲ့ပြီး အများစုကို ဂျပန်နိုင်ငံက ထောက်ပံ့ကူညီထားတာ ဖြစ်ပါတယ်။

— ကိုးကား —
Xinhua
ref; Bangladesh’s first-ever metro opens in capital

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။