Trending Now

ရုရှား နဲ့ ယူကရိန်းတို့ တတိယအကြိမ် ထပ်မံဆွေးနွေးမှု ပြုလုပ်မည်

Spread the love

ရုရှား နဲ့ ယူကရိန်းတို့ တတိယအကြိမ် ထပ်မံဆွေးနွေးမှု ပြုလုပ်မည်

EPN
နိုင်ငံတကာ၊ မတ် ၇

ယူကရိန်း နဲ့ ရုရှားတို့ ရဲ့ တတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို ယနေ့ပြုလုပ်သွားမယ်လို့ ယူကရိန်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဝင် ဒေဗစ် ကပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနဲ့ ဆက်လက်ဆွေးနွေးရန်ဆန္ဒရှိပြီး ငြိမ်ချမ်းရေးကို လိုလားတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ်လ ၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တတိယအကြိမ် ဆွေးနွေးမှုအတွင်း ကျိုးကြောင်းဆီလျော်ပြီး အပြုသဘောဆောင်တဲ့ ရပ်တည်ချက်ဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ရုရှားသမ္မတက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ယူကရိန်း နဲ့ ရုရှားတို့ဟာ သဘောထား တင်းမာနေကြတဲ့အတွက် ဆွေးနွေးညှိနှိုင်းမှုဟာ ခက်ခဲနိုင်တယ်လို့ ယူကရိန်းသမ္မတရုံးအကြံပေး ပိုဒိုယက်ကပြောဆိုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံကို အရှက်ရစေမယ့် မည်သည့်လိုက်လျောမှုမျိုးကိုမဆို ယူကရိန်းသမ္မတ ဇလန်စကီးက ပြုလုပ်သွားမှာ မဟုတ်ဘူးလို့လည်း ပိုဒိုယက်ကပြောဆိုထားပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့နဲ့ မတ်လ ၃ ရက်နေ့တို့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှု နှစ်အကြိမ်အတွင်း အပြုသဘောဆောင်တဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာတော့ တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ညွန်ကြားထားပြီး ယူကရိန်းသမ္မတ ဇလန်ဇကီကလည်း ရုရှားကို ထပ်မံပိတ်ဆို့ရေးမှုတွေ လုပ်ဆောင်ဖို့ အနောက်နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

Source – Xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။