Trending Now

မြစ်ကြီးနားမြို့၊ မြို့မဈေး(၁)၊ (၂) အား လုံခြုံရေးနှင့် သန့်ရှင်းရေး ဝန်ထမ်းများအတွက် အဝတ်အထည်များ ပေးအပ်လှူဒါန်း

Spread the love

မြစ်ကြီးနားမြို့၊ မြို့မဈေး(၁)၊ (၂) အား လုံခြုံရေးနှင့် သန့်ရှင်းရေး ဝန်ထမ်းများအတွက် အဝတ်အထည်များ ပေးအပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၇ (၂၀၂၃)

မြစ်ကြီးနားမြို့၊ မြို့မ ဈေး(၁)၊ (၂)၊ တို့တွင် ညလုံခြုံရေးနှင့် သန့်ရှင်းရေး ဝန်ထမ်းများကို ကိုမျိုးအထည်ဆိုင်မှ အဝတ်အထည်များကို ယမန်နေ့က နေ့လယ်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့မ ဈေး(၁) ၊ (၂) တွင် ရှိသည့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ ညစောင့် ဝန်ထမ်းများ၊ အရန်မီးသတ်အဖွဲ့နှင့် သန့်ရှင်းရေး ဝန်ထမ်း စုစုပေါင်း (၇၀) ဦး ကို အဝတ်အထည်များ လှူဒါန်းပေးခဲ့ကြောင်း မြို့မဈေး ကော်မတီ ထံမှ သိရသည်။

“မြစ်ကြီးနားမြို့မဈေးမှာရှိတဲ့စည်ပင်သာယာရေး ဝန်ထမ်း (၁၃)ဦး၊ ညစောင့်ဝန်ထမ်း(၂၈)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၆)ဦး၊ သန့်ရှင်းရေးဝန်ထမ်း(၂၃)ဦးစုစုပေါင်း (၇၀) ဦး တို့ကို ကိုမျိုးအထည်ဆိုင် ပိုင်ရှင် ကိုမျိုး + မဖြူဖြူခိုင် တို့က အင်္ကျီ၊ ဘောင်းဘီ အစုံ ၇၀ ကို လှူပေးခဲ့ပါတယ်။ အဲ့ဒီအတွက် အများ ကိုယ်စား အထူးကျေးဇူးတင်တယ် ” ၎င်း ပြောပြသည်။

ဈေးဝန်ထမ်းများအနေဖြင့် လာမည့် ဆောင်းရာသီတွင် အေးချမ်းမှုကို အကာအကွယ် ပြုနိုင်ရန် အတွက် လိုအပ်သည့် အဝတ်အထည်များကို လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြို့မဈေးကြီးအတွင်း လုံခြုံရေး၊ သန့်ရှင်းရေး၊ အရန်မီးသတ် နှင့် သန့်ရှင်းရေး ဝန်ထမ်းများကို နှစ်စဉ် ခရစ္စမတ်ကာလတွင် ဈေးကော်မတီအဖွဲ့မှ အဆိုပါ ဝန်ထမ်းများအတွက် အလှူဒါန်းများ ပြုလုပ်ပေးခြင်း နှင့် အခြားသော အလှူရှင်များကလည်း လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဈေးဝန်ထမ်းများကို လှူဒါန်းပေးခြင်းရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။