Trending Now

ဖားကန့်မြို့နယ်တွင် နေ့ခင်းဘက် ဓားထောက်လုယက်မှုပြုလုပ်သူတစ်ဦးကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

Spread the love

ဖားကန့်မြို့နယ်တွင် နေ့ခင်းဘက် ဓားထောက်လုယက်မှုပြုလုပ်သူတစ်ဦးကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

EPN
မြစ်ကြီးနား၊ ဇွန် ၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့ ဇွန်လ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဆိုင်တောင်ကျေးရွာအုပ်စုတွင်အုပ်စုဖွဲ့ကာ ဓားထောက်လုယက်မှု ပြုလုပ်ခဲ့ပြီး ယင်းထဲမှ လူငယ်တစ်ဦးကို ဒေသခံ များ ဝိုင်းဝန်းဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အုပ်စုဖွဲ့လုယက်သူများမှာ နံနက် ၁၀ နာရီခွဲခန့်က ဆိုင်တောင်ကျေးရွာအုပ်စုအတွင် အမျိုးသမီးတစ်ဦးထံမှ ဓားထောက်ကာ ဖုန်းအား လုယက်ခဲ့ပြီးထိုမှ တစ်ဆင့် နေ့လည် ၁၂ နာရီခန့်တွင် ကျောက်ဝိုင်းအနီး လူငယ်တစ်ဦးထံမှ ဓားထောက်ကာ ပိုက်ဆံနှင့် ဖုန်း လုယက်ထွက်ပြေးခဲ့ပြီး အနီးအနားရှိ ရေးမဆေးကျောက်ရှာဖွေသူများမှ ဝိုင်းဝမ်းဖမ်းဆီးခဲ့ကြောင်းသိရသည်။

” အဖွဲ့လိုက်လူစုပြီး လုပ်တာဟုတ်တယ်၊ ၃ ယောက်လောက် ရှိတယ် ၊ ဓားက တစ်ယောက်ကို ၂ ချောင်းလောက် ကိုင်ကြတယ်၊ ပထမက ကောင်မလေးစီက ဆိုင်ကယ်ကို တားပြီး ဖုန်း လုခဲ့တယ်၊ ဒုတိယမှာလဲ ကောင်းလေးတစ်ယောက်ကို ဓားထောက်ပြီး ပိုက်ဆံကော ဖုန်းကိုလုတာ ၊ အဲ့မှာ ကောင်လေးက အော်ဟစ်ပြီးအကူညီတောင်းတော့ လုယက်တဲ့ အဖွဲ့ထဲက တစ်ယောက်ပဲ မိခဲ့တယ်၊ ၂ ယောက်က လွတ်သွားတယ်၊ ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖမ်းဆီးမိသူကို စစ်ဆေးနေပြီး လွတ်မြောက်နေသည့် ၂ ဦးကို ဖမ်းမိနိုင်ရေးအတွက် ဒေသခံ ရပ်မိရပ်ဖများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် အလားတူ ဓားထောက်လုယက်သည့်ဖြစ်စဥ်များမကြာခဏ ဖြစ်ပွားလေ့ရှိနေပြီး မေလ ၂၁ ရက်နေ့ကလည်း ချိန်းတွေ့နေသည့် သမီးရည်းစားထံမှ ဓားထောက်သက်ဖြတ်ကာ ပိုက်ဆံနှင့်ဖုန်းများ လုယက်သွားခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။