Trending Now

ဧရာဝတီတိုင်းတွင် ယခုနှစ် မိုးငရုတ်သီးစိမ်းများ အထွက်နှုန်း လျော့ကျနေသဖြင့် ငရုတ်စိုက်တောင်သူများ အရှုံးပေါ် နေ

Spread the love

ဧရာဝတီတိုင်းတွင် ယခုနှစ် မိုးငရုတ်သီးစိမ်းများ အထွက်နှုန်း လျော့ကျနေသဖြင့် ငရုတ်စိုက်တောင်သူများ အရှုံးပေါ် နေ

EPN
ဧရာဝတီ၊ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် မိုးငရုတ်သီးစိမ်းများပေါ်ချိန် ငရုတ်များအထွက်နှုန်း သိသိသာသာ လျော့ကျနေ
သဖြင့် ငရုတ်စိုက်တောင်သူများ အရှုံးပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

လက်ရှိ ဇူလိုင်လသည် မိုးငရုတ်သီးအစိမ်းများ စတင်ပေါ်နေသည့် အချိန်ဖြစ်ကာ ငရုတ်စိုက်စိုက်ခင်း ၁ ဧကလျင် ငွေကျပ် ၁၅၀၀၀၀ ဖိုးအထိသာ ပြန်လည်ရရှိနေသဖြင့် စိုက်ပျိုးရေးကုန်ကျစရိတ်မရသည့်အပြင် အရှုံးနှင့်ပါ ကြုံနေရခြင်းဖြစ်ကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။

” မိုးငရုတ်စိုက်ရတာ အတော်အရှုံးပေါ်နေတယ်။ ငရုတ် ၁ ဧကအတွက်ဆိုရင် စိုက်ပျိုးစရိတ် အရင်းက ၄ သိန်းကနေ ၅ သိန်းအောက်ထစ် ကုန်ကျတယ်။ တစ်ဧကကို ကျပ် ၇ သိန်းဖိုးလောက် ပြန်ရရင်တောင်မပြောဘူး။ အခုတော့ တစ်သိန်းကျော်ဖိုးပဲ ရတယ်။အခုနှစ်တော့အမြတ်မရတဲ့အပြင် အရှုံးပေါ်သွားပြီ။ ငရုတ်အခြောက်ဈေးကတော့ ကောင်းပါတယ်။ ကိုယ့်အတွက် အကျိုးမဖြစ်ဖူးပေါ့ ” ဟု ၎င်းကဆက်ပြောသည်။

ဧရာဝတီတိုင်းတွင် ယခုနှစ် ငရုတ်စိုက်ခင်းအများစုတွင် ရွက်လိပ်ပိုးကျပြီး အခင်းလိုက်ပျက်စီးခြင်း၊ စိုက်ပြီးခါစ ငရုတ်အပင်များ မိုးများလို့ပျက်စီးခြင်း၊ အပင်ပေါက်ပြီး ရုတ်တရက် အဝါရောင်ပြောင်းကာ အပင်များသေကုန်ခြင်း၊
ကုန်ဈေးနှုန်းများ အဆမတန်ထိုးတက်သည့်အတွက် ဓာတ်မြေဩဇာနှင့် အပင်အားဆေးများ မသုံးနိုင်ခြင်း စသည့်အခြေအနေများကြာင့် ငရုတ်သီးအစိမ်းများ အထွက်နှုန်းသိသိသာသာ လျော့ကျသွားခြင်းဖြစ်ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအသင်းမှ ဈေးကွက်ရှာဖွေရေး တာဝန်ခံတစ်ဦးက ရှင်းပြသည်။

” အခုနှစ် တောင်သူတွေ အတော်လေးရှုံးနေတယ်လို့ သိရတယ်။ ငရုတ် ၁ ဧကကို ပျမ်းမျှ ၄ သိန်းလောက်ရှုံးနေတာ။ အခုလို တောင်သူတွေ အဓိကအရှုံးပေါ်သွားရတဲ့ ပြဿနာက ပိုးသတ်ဆေးတွေ ပေါင်းသတ်ဆေးတွေ အပါအဝင် လယ်ယာသုံးသွင်းအားစုတွေ ဈေးထိုးတက်နေတာနဲ့အပြည့်အဝ မသုံးနိုင်တာကြောင့်ပါ။ အခုနှစ် ငရုတ်ဈေးက အရင်နှစ်တွေထက် ထိုးတက်နေတယ်။ ဈေးကောင်းနေပေမယ့်လည်း တောင်သူတွေ အတွက်တော့အကျိုးမရှိ ဖြစ်နေတာပေါ့ ” ဟု ၎င်းက ဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ငရုတ်စိုက်ပျိုးရေးလုပ်ငန်းကို ပန်းတနော်၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဇလွန်၊ ကျောင်းကုန်း၊ ဘိုကလေး၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ မြောင်းမြ စသည့်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိတွင် ငရုတ်အစိမ်း ဈေးနှုန်းမှာ ပိဿာချိန် ၁၀ ကို ငွေကျပ် ၆၀၀၀၀၊ ငရုတ်အခြောက် ပိဿာချိန် ၁၀ ကို ၁၇၀ ၀၀၀ အထိ ဈေးပေါက်နေကြောင်း ဧရာဝတီတိုင်းဒသကြီး လယ်ယာထွက် ကုန်ရောင်းဝယ်ရေးဈေးကွက်မှ သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။