Trending Now

စံပြဈေးကားမှတ်တိုင်တွင် ကိုရိုနာကာကွယ်ရေးလှုပ်ရှားမှုပြုလုပ်

Spread the love

စံပြဈေးကားမှတ်တိုင်တွင် ကိုရိုနာကာကွယ်ရေးလှုပ်ရှားမှုပြုလုပ်
 

EPN
ရန်ကုန် မတ် ၂၀

သင်္ကန်းကျွန်း စံပြဈေးကားမှတ်တိုင်တွင် ကိုရိုနာကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏ္ဏာပိုင်အဖွဲ့  ဝိုင်အာတီအေနှင့်ပူးပေါင်းအဖွဲ့များ ယနေ့ပြုလုပ်ခဲ့ကြသည်။

ထိုလှုပ်ရှားမှုတွင် ဝိုင်ဘီအက်စ်ကားများပေါ်တွင် လက်ဆေးဘူးများချိတ်ဆွဲပေးခြင်း၊ ယာဉ်ပေါ်ရှိခရီးသည်များကို လက်ဆေးဂျယ်များဖြင့် သန့်ရှင်းစေခြင်း၊ ကားမှတ်တိုင်ရှိခရီးသည်များကို နှာခေါင်းအုပ်များနှင့် လက်ကမ်းစာစောင်များ ဝေပေးခြင်း စသည်တို့ကို ပြုလုပ်ပေးခဲ့သည်။

ဝိုင်အာတီအေ အနေဖြင့် ခရီးသည်များစုပုံနေခြင်းမရှိစေရန် ကားများကိုအင်အားပြည့်ပြေးဆွဲပေးရန် စီစဉ်ပေးလျှက်ရှိပြီး ကုမ္ပဏီများမှတ်ပုံတင်ခြင်းကိုလည်း ဧပြီ ၃၀ ရက်ထိ ရပ်နားထားကြောင်း သိရသည်။

ကိုရိုနာကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အခြားသောရုပ်ရှင်ရုံများ ပွဲလမ်းသဘင်များပိတ်သကဲ့သို့ ပိတ်၍မရနိုင်ကြောင်း ယာဉ်လိုင်းများနှင့် ခရီးသည်များကိုသာ အသိပညာပေးလုပ်ငန်းများလုပ်ဆောင်ပြီး ကာကွယ်ရန်သာရှိကြောင်း ပညာပေးရေးအစီအစဉ်တွင်ပါဝင်သူ သင်္ကန်းကျွန်းမြို့နယ် NLD တွဲဘက်အတွင်းရေးမှူး ဒေါက်တာကျော်စွာဦးကပြောသည်။

ယနေ့ပြုလုပ်ခဲ့သော YBS ယာဉ်လိုင်းများနှင့်ခရီးသည်များ ကိုရိုနာကာကွယ်ရေးဆိုင်ရာလှုပ်ရှားမှုတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏ္ဏာပိုင်အဖွဲ့ ဝိုင်အာတီအေမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သင်္ကန်းကျွန်းမြို့နယ် NLD ပါတီအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

သွေးသစ်(ရန်ကုန်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။