Trending Now

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၅၀၀ အကူအညီပေးမယ်လို့ ပင်တဂွန်ကြေညာ

Spread the love

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၅၀၀ အကူအညီပေးမယ်လို့ ပင်တဂွန်ကြေညာ

EPN
နိုင်ငံတကာ၊ ဇွန် ၂၈

ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်း ၅၀၀ ထောက်ပံ့သွားမယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိတွေက ဇွန်လ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကြေညာချက်အရ HIMARS လောင်ချာအတွက် ပဲ့ထိန်းဒုံးကျည်တွေအပါအဝင် Stinger နဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ၊ ခဲယမ်းတွေကို ယူကရိန်းနိုင်ငံကို ထပ်မံပေးပို့သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးစစ်နစ်တွေနဲ့ သံချပ်ကာ ယာဉ်တွေကို တိုက်ခိုက်ဖို့ ဒုံးကျည်တွေအပါအဝင် မြေပြင်မိုင်းရှင်းလင်းရေး ကရိယာတွေလဲ ပါဝင်တယ်လို့ သိရပါတယ်။

“သူတို့နိုင်ငံကို ကာကွယ်ဖို့နဲ့ အချုပ်အခြာပိုင် နယ်မြေကို ပြန်လည်ရယူရာမှာ အောင်မြင်ဖို့အတွက် ယူကရိန်းက လိုအပ်တဲ့ အရာတွေကို ပေးဆောင်ဖို့ အာရုံစိုက်သွားမှာပါ” လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပက်ထရစ်စ် ရိုက်တာက ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလဲ ယူကရိန်းသမ္မတ ဇလန်ဇကီနဲ့ အဆက်မပြတ်အဆက်အသွယ်ရှိနေကြောင်းပြောကြားခဲ့ပြီး ယူကရိန်းအပေါ် ရေရှည်ထောက်ပံ့သွားမယ့် သူ့ရဲ့ ကတိကဝတ်ကိုလည်း အတည်ပြုခဲ့ပါတယ်။

“စစ်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ၊ ရုရှားရဲ့ တရားမဝင် သိမ်းပိုက်မှုတွေက ဆက်ရှိနေဦးမှာပါ။ ဒါကြောင့် ဒီအချက်ကို ကျွန်တော်တို့ မျက်ကွယ်ပြုမှာ မဟုတ်ပါဘူး၊ ယူကရိန်းရဲ့ လိုအပ်ချက်တွေကိုလဲ ကျွန်တော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” လို့ ဗိုလ်ချုပ် ပက်ထရစ် ရိုက်တာက ပြောပါတယ်။

ref; Bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။