Trending Now

ဖားကန့်တွင် ‌ဘိလပ်မြေဈေး ကျဆင်းလာသည့်အတွက် ဝယ်လိုအားကောင်း

Spread the love

ဖားကန့်တွင် ‌ဘိလပ်မြေဈေး ကျဆင်းလာသည့်အတွက် ဝယ်လိုအားကောင်း

EPN
မြစ်ကြီးနား၊ ဇွန် ၂၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဘိလပ်မြေဈေး ကျဆင်းလာသည့်အတွက် ဝယ်လိုအားကောင်းနေကြောင်း ဘိလပ်မြေရောင်းဝယ်သူများထံမှ သိရသည်။

ယခုရက်ပိုင်း အောက်ပိုင်းမှ ဝယ်ယူရသည့် ဘိလပ်မြေဈေးမှာ အနည်းငယ်ကျဆင်းလာသည့်အတွက် ဖားကန့်မြို့တွင်လည်း ဈေးနှုန်းချပြီး ရောင်းချပေးနေကြောင်း ဘိလပ်မြေ ရောင်းဝယ်သူတစ်ဦးက ပြောသည်။

” အခုတလော အောက်ပိုင်းကနေဝယ်တဲ့ဈေးက ပုံမှန်ထက်ဈေးကျလာလို့ ဒီမှာလည်း ဈေးလျှော့ပြီး ရောင်းရတာပေါ့။ အများကြီးကျသွားတာတော့ မဟုတ်ဘူး။ ဘိလပ်မြေစျေးက တစ်အိတ်ကို နှစ်ထောင်ဝန်းကျင်လောက် စျေးကျသွားတယ်။ ဒီလောက်လေးကျရင်လည်း အများကြီးဝယ်တဲ့ခါ ဈေးအများကြီးသက်သာ တော့ အရင်ကထက် ပိုဝယ်ကြတာပေါ့ ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ( Alpha ) ဘိလပ်မြေတစ်အိတ်လျင် (၁၅၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်သို့ဈေးနှုန်းကျဆင်းပြီး၊ (Crown) ဘိလပ်မြေ တစ်အိတ်လျင် (၁၇၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်သို့ ဈေးကျသွားကြောင်း သိရပြီး အဆိုပါ ဘိလပ်မြေများကို ဆိုင်းတောင်၊ ဖားကန့်၊ လုံးခင်း တစ်လျှောက်မှ လာရောက်ဝယ်ယူကြကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။