Trending Now

ဗန်းမောက်မြို့နယ်တွင် ရဲစခန်းနှင့် အနီးတစ်ဝိုက် နေရာ ၃ နေရာခန့် ပစ်ခတ်မှုများဖြစ်ပွား

Spread the love

ဗန်းမောက်မြို့နယ်တွင် ရဲစခန်းနှင့် အနီးတစ်ဝိုက် နေရာ ၃ နေရာခန့် ပစ်ခတ်မှုများဖြစ်ပွား

EPN
မြစ်ကြီးနား ၊ သြဂုတ် ၁၂

ကချင်ပြည်နယ် ဗန်းမောက်မြို့တွင် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်က မြို့တွင် နေရာ ၃ နေရာ ခန့်မှာ လက်နက်ကြီးသံတစ်ချက်နှင့် လက်နက်ငယ် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်(၉)နာရီခန့်က စတင်ကာ ဗန်းမောက်မြို့အတွင်း PDF တပ်ဖွဲ့များ ဝင်ရောက်လာခဲ့ပြီး မြို့နယ် ရဲစခန်း၏ အနောက် ဘက်၊ ရှေ့ဘက်နှင့် ရဲစခန်းအရှေ့ဘက် ထွေအုပ်ရုံးဝန်ထမ်းအိမ်ရာ အနီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

” မနက်က (၉)လောက် သေနတ်သံတွေကြားရတယ်၊ ပြောကြတာက ရဲစခန်းကို ဝင်တိုက်တယ်ပြောတယ်၊ နေရာ (၃)နေရာလောက်မှ ဖြစ်တာ၊ ထွေအုပ်ဝန်ထမ်းအိမ်ရာဘက် ၊ ရဲစခန်း အနောက်နဲ့ အရှေ့ မှာတွေဖြစ်ကြတယ်၊ နာရီဝက်လောက်ဖြစ်သွားတာ၊ လက်နက်ကြီးသံလိုမျိုးက တစ်ချက်ကြားလိုက်ရတယ်၊ “ဟု ၎င်းကပြောသည်။

ယင်းကဲသို့ အပြန်အလှန်ပစ်ခဲ့ပြီးနောက် အထက (ဗန်းမောက်) ကျောင်းတွင် မူလတန်းကျောင်းသားကျောင်းသူများကို သန်ချဆေး တိုက်ကျွေးပြီးပြန်လာသည့် အုပ်ချုပ်ရေးအဖွဲများကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။