Trending Now

ဒေါ်အာင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ အဆောက်အအုံတစ်ခုဆီ ပြောင်းရွှေ့

Spread the love

ဒေါ်အာင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ အဆောက်အအုံတစ်ခုဆီ ပြောင်းရွှေ့

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၉

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ အစိုးရ အဆောက်အအုံတစ်ခုဆီကို ပြောင်းရွှေ့လိုက်ပြီလို့ အေအက်ဖ်ပီ သတင်းဌာနက ဇူလိုင်လ ၂၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောင်းအရွှေ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သတင်းရင်းမြစ်တစ်ခုနဲ့ အတည်ပြုခဲ့တာဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။