Trending Now

မိုးေကာင္းၿမိဳ႕နယ္အတြင္း ေဒသလုပ္တူမီးေသနတ္တစ္လက္ႏွင့္ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ

Spread the love

မိုးေကာင္းၿမိဳ႕နယ္အတြင္း ေဒသလုပ္တူမီးေသနတ္တစ္လက္ႏွင့္ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ
EPN
မိုးေကာင္း၊ ဧၿပီ ၁၉

မိုးေကာင္းၿမိဳ႕နယ္၊ လြဲေလာေက်း႐ြာအုပ္စု၊ မန္ပင္ေက်း႐ြာ၌ မူးယစ္ေဆးဝါးသတင္းအရရွာေဖြစစ္ေဆးရာမွ ေဒသလုပ္ တူမီးေသနတ္တစ္လက္ႏွင့္အတူ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိေၾကာင္း မိုးေကာင္းၿမိဳ႕မရဲစခန္းမွသိရသည္။

ျဖစ္စဥ္မွာ မူးယစ္ေဆး၀ါးသတင္းအရ မိုးေကာင္းၿမိဳ႕မရဲစခန္းမွဒု- စခန္းမွဴး ရဲအုပ္သိန္းျမင့္ ဦးစီးတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ဧၿပီ (၁၉)ရက္ ညေန (၄)နာရီ အခ်ိန္ခန္႔က ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ လြဲေလာေက်း႐ြာအုပ္စု၊ မန္ပင္ေက်း႐ြာေန မိုးေဇာ္ (၄၄)ႏွစ္၏ ေနအိမ္အား ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး၏ မူးယစ္ေဆးဝါးေနအိမ္ရွာေဖြဖမ္းဆီးခြင့္ဝရမ္းအမွတ္(၂၆/၁)ျဖင့္ ဝင္ေရာက္ရွာေဖြခဲ့ရာ အိပ္ခန္းအတြင္း ေနအိမ္မိုးယိုသည့္ေနရာတြင္ ဖာထားသည့္ မဂၤလာလက္ေဆာင္ျပကၡဒိန္လိပ္အတြင္းရွိ ပလပ္စတစ္အျဖဴေရာင္ဗူးအတြင္းမွ ပလပ္စတစ္ အၾကည္စျဖင့္ထုပ္ထားေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပားဟု ယူဆရသည့္ စာတမ္းမပါပန္းေရာင္ေဆးျပား(၈)ျပားႏွင့္ ပလပ္စတစ္ျဖင့္ ထည့္လွ်က္ဘိန္းဆီဟု ယူဆရသည့္ အညိုေရာင္အေစး(၀. ၂)ဂရမ္ခန႔္တို႔ အားေတြ႕ရွိ သိမ္းဆည္းရမိၿပီး ဆက္လက္ရွာေဖြရာ အိပ္ခန္းအတြင္းမွ အရွည္(၄)ေပခန႔္ရွိ သံထိုးတံတြဲလွ်က္ ေဒသလုပ္တူမီးေသနတ္ တစ္လက္
ၾကြပ္ၾကြပ္အိတ္ အျဖဴေရာင္ျဖင့္ ထုပ္ထားေသာ ခဲ(ဂ)လုံး၊ ယမ္းမႈန႔္မ်ားထည့္ထားသည့္ အျဖဴေရာင္ပလပ္စတစ္ဗူးငယ္(၂)ဗူး၊ ေငြမွင္စာျဖင့္ ျပဳလုပ္ထားသည့္ ကက္(၁၀) ခုပါ ပလပ္စတစ္ငယ္(၁)ဗူးတို႔အားေတြ႕ရွိ သိမ္းဆည္းရမိသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုးေကာင္းၿမိဳ႕မ ရဲစခန္းမွ မိုးေဇာ္ (၄၄)ႏွစ္အား မယ(ပ) ၁၈/၁၉ မူးစိတ္၁၆(ဂ) (ပ)၄၁/၂၀၁၉ လက္နက္ပုဒ္မ ၁၉(စ)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ခ်ိဳေမာင္
———————————————-
မိုးကောင်းမြို့နယ်အတွင်း ဒေသလုပ်တူမီးသေနတ်တစ်လက်နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

EPN
မိုးကောင်း၊ ဧပြီ ၁၉

မိုးကောင်းမြို့နယ်၊ လွဲလောကျေးရွာအုပ်စု၊ မန်ပင်ကျေးရွာ၌ မူးယစ်ဆေးဝါးသတင်းအရရှာဖွေစစ်ဆေးရာမှ ဒေသလုပ် တူမီးသေနတ်တစ်လက်နှင့်အတူ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း မိုးကောင်းမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ မိုးကောင်းမြို့မရဲစခန်းမှဒု- စခန်းမှူး ရဲအုပ်သိန်းမြင့် ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဧပြီ (၁၉)ရက် ညနေ (၄)နာရီ အချိန်ခန့်က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွဲလောကျေးရွာအုပ်စု၊ မန်ပင်ကျေးရွာနေ မိုးဇော် (၄၄)နှစ်၏ နေအိမ်အား မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးနေအိမ်ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်(၂၆/၁)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အိပ်ခန်းအတွင်း နေအိမ်မိုးယိုသည့်နေရာတွင် ဖာထားသည့် မင်္ဂလာလက်ဆောင်ပြက္ခဒိန်လိပ်အတွင်းရှိ ပလပ်စတစ်အဖြူရောင်ဗူးအတွင်းမှ ပလပ်စတစ် အကြည်စဖြင့်ထုပ်ထားသော စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသည့် စာတမ်းမပါပန်းရောင်ဆေးပြား(၈)ပြားနှင့် ပလပ်စတစ်ဖြင့် ထည့်လျှက်ဘိန်းဆီဟု ယူဆရသည့် အညိုရောင်အစေး(ဝ. ၂)ဂရမ်ခန့်တို့ အားတွေ့ရှိ သိမ်းဆည်းရမိပြီး ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ အရှည်(၄)ပေခန့်ရှိ သံထိုးတံတွဲလျှက် ဒေသလုပ်တူမီးသေနတ် တစ်လက်
ကြွပ်ကြွပ်အိတ် အဖြူရောင်ဖြင့် ထုပ်ထားသော ခဲ(ဂ)လုံး၊ ယမ်းမှုန့်များထည့်ထားသည့် အဖြူရောင်ပလပ်စတစ်ဗူးငယ်(၂)ဗူး၊ ငွေမှင်စာဖြင့် ပြုလုပ်ထားသည့် ကက်(၁၀) ခုပါ ပလပ်စတစ်ငယ်(၁)ဗူးတို့အားတွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မ ရဲစခန်းမှ မိုးဇော် (၄၄)နှစ်အား မယ(ပ) ၁၈/၁၉ မူးစိတ်၁၆(ဂ) (ပ)၄၁/၂၀၁၉ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။