Trending Now

ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၂၁ ဦးသေဆုံးခဲ့ပြီး ပျက်စီးသွားသည့် လူနေအိမ် ၁ သောင်းကျော်အထိရှိလာ

Spread the love

ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၂၁ ဦးသေဆုံးခဲ့ပြီး ပျက်စီးသွားသည့် လူနေအိမ် ၁ သောင်းကျော်အထိရှိလာ

EPN
မြစ်ကြီးနား၊ မေ ၁၇

ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၂၁ ဦးသေဆုံးခဲ့ပြီး ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံးနှင့် အခြားအဆောက်အဦး အများအပြားပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါစာရင်းများသည် မေလ ၁၅ ရက်နေ့ ညပိုင်းအထိ ရရှိသောစာရင်းများအရသာဖြစ်ပြီး အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိသလို ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင် စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။