Trending Now

သဲဂုဏ္​-တကြင္​းလမ္​းဆံုတြင္​မူးယစ္​​ေဆးဝါးဖမ္​းဆီးရမိ

Spread the love

သဲဂုဏ္​-တကြင္​းလမ္​းဆံုတြင္​မူးယစ္​​ေဆးဝါးဖမ္​းဆီးရမိ

EPN
ဟိုပင္​၊ မတ္​ ၂၈

ကခ်င္​ျပည္​နယ္​၊ မိုးညႇင္​းခရိုင္​၊ ဟိုပင္​ၿမိဳ႕၊ သဲဂုဏ္​-တကြင္​းလမ္​းဆံုတြင္​ ယ​ေန႔ည​ေန(၆)နာရီအခ်ိန္​ခန္​႔ကမူးယစ္​​ေဆးဝါးဖမ္​းဆီးရမိခဲ့​ေၾကာင္​း ဟိုပင္​နယ္​​ေျမရဲစခန္​းမွသိရသည္​။

ဟိုပင္​နယ္​​ေျမရဲစခန္​းမွဴး ရဲအုပ္​ဗ်က္​ဆန္​း ဦး​ေဆာင္​ၾကပ္​မတ္​မႈျဖင္​့ နယ္​ထိန္​း​ေခါင္​း​ေဆာင္​ ဒုရဲအုပ္​ဆု​ေဝ ဦးစီး​ေသာ ရဲတပ္​ဖြဲဝင္​မ်ားသည္​ သက​္​​ေသတို႔ႏွင္​့အတူ မတ္​(၂၇)ရက္​၊ ည​ေန(၆)နာရီအခ်ိန္​၌ မူးယစ္​​ေဆးဝါးသတင္​းအရ ဟိုပင္​ၿမိဳ႕၊ တကြင္​း​ေက်း႐ြာအုပ္​စု သဲဂုဏ္​​ေက်း႐ြာ ဟိုပင္​-မိုးညႇင္​းသြား ​ေက်း႐ြာခ်င္​းဆက္​လမ္​း​ေပၚ သဲဂုဏ္​-တကြင္​းလမ္​းဆံုတြင္​ ပိတ္​ဆို႔ရွာ​ေဖြမႈမ်ားျပဳလုပ္​ခဲ့သည္​။

ထိုသို႔ျပဳလုပ္​​ေနစဥ္​ ​ေက်း႐ြာခ်င္​းဆက္​လမ္​းအတိုင္​ နန္​းမားဘက္​မွ ဟိုပင္​ဘက္​သို႔ မင္​း​ေဌး​ေမာင္​းႏွင္​လာ​ေသာ WAVE အမ်ိဳးအစား နီ/နက္​ၾကားဆိုင္​ကယ္​အားရပ္​တန္​႔ရွာ​ေဖြရာ ၎ဝတ္​ဆင္​ထားသည္​့နက္​/ျပာ​ေရာင္​မိုးကား အက်ႌအတြင္​းဝဲဘက္​အိပ္​ကပ္​ထဲမွ အနက္​​ေရာင္​ႂကြပ္​ႂကြပ္​အိတ္​ျဖင္​့ထုတ္​လ်ွက္​Love is flower စာတမ္​းပါ အနီ​ေရာင္​ဆပ္​ျပာခြက္​အတြင္​း အၾကည္​​ေရာင္​ပလပ္​စတစ္​ျဖင္​့ထုတ္​လ်ွက္​ ဘိန္​းျဖဴဟုယူဆရ​ေသာ ျဖဴ/ဝါၾကား​ေရာင္​အမႈန္​႔ အ​ေလးခ်ိန္​(၁၀)ဂရမ္​ခန္​႔ပါ(၁)ခြက္​အားရွာ​ေဖြ​ေတြ႕ရွိသျဖင္​့ ဒုရဲအုပ္​ဆု​ေဝက သက္​​ေသမ်ား​ေရွ႕တြင္​ ရွာ​ေဖြပံုစံ​ေရးသြင္​းခဲ့​ေၾကာင္​း ရဲမွတ္​တမ္​းအရသိရသည္​။

မူးယစ္​​ေဆးဝါးမ်ားႏွင္​့အတူ​ လက္​ဝယ္​​ေတြ႕ရွိသူ မင္​း​ေဌး၊ အသက္​(၃၅)ႏွစ္​၊ (ဘ)ဦးတင္​​ေမာင္​၊ ပင္​း​ေဘာ​ေက်း႐ြာ၊ မိုး​ေကာင္​းၿမိဳ႕နယ္​​ေနသူအား မယ(ပ)၁၈/၂၀၁၈၊ မူး/စိတ္​ပုဒ္​မ ၁၉(က)ျဖင္​့ဟိုပင္​နယ္​​ေျမရဲစခန္​းမွ အမႈဖြင္​့​ေဆာင္​႐ြက္​ထား​ေၾကာင္​းသိရသည္​။

ခ်စ္​သား
——————————————–
သဲဂုဏ်-တကွင်းလမ်းဆုံတွင်မူးယစ်ဆေးဝါးဖမ်းဆီးရမိ

EPN
ဟိုပင်၊ မတ် ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၊ သဲဂုဏ်-တကွင်းလမ်းဆုံတွင် ယနေ့ညနေ(၆)နာရီအချိန်ခန့်ကမူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့ကြောင်း ဟိုပင်နယ်မြေရဲစခန်းမှသိရသည်။

ဟိုပင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်း ဦးဆောင်ကြပ်မတ်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဆုဝေ ဦးစီးသော ရဲတပ်ဖွဲဝင်များသည် သက်သေတို့နှင့်အတူ မတ်(၂၇)ရက်၊ ညနေ(၆)နာရီအချိန်၌ မူးယစ်ဆေးဝါးသတင်းအရ ဟိုပင်မြို့၊ တကွင်းကျေးရွာအုပ်စု သဲဂုဏ်ကျေးရွာ ဟိုပင်-မိုးညှင်းသွား ကျေးရွာချင်းဆက်လမ်းပေါ် သဲဂုဏ်-တကွင်းလမ်းဆုံတွင် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်နေစဉ် ကျေးရွာချင်းဆက်လမ်းအတိုင် နန်းမားဘက်မှ ဟိုပင်ဘက်သို့ မင်းဌေးမောင်းနှင်လာသော WAVE အမျိုးအစား နီ/နက်ကြားဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့်နက်/ပြာရောင်မိုးကား အင်္ကျီအတွင်းဝဲဘက်အိပ်ကပ်ထဲမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထုတ်လျှက်Love is flower စာတမ်းပါ အနီရောင်ဆပ်ပြာခွက်အတွင်း အကြည်ရောင်ပလပ်စတစ်ဖြင့်ထုတ်လျှက် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါကြားရောင်အမှုန့် အလေးချိန်(၁၀)ဂရမ်ခန့်ပါ(၁)ခွက်အားရှာဖွေတွေ့ရှိသဖြင့် ဒုရဲအုပ်ဆုဝေက သက်သေများရှေ့တွင် ရှာဖွေပုံစံရေးသွင်းခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ မင်းဌေး၊ အသက်(၃၅)နှစ်၊ (ဘ)ဦးတင်မောင်၊ ပင်းဘောကျေးရွာ၊ မိုးကောင်းမြို့နယ်နေသူအား မယ(ပ)၁၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်ဟိုပင်နယ်မြေရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။