Trending Now

ခန္တီးမြိုနယ်တွင် စစ်တပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့

Spread the love

ခန္တီးမြိုနယ်တွင် စစ်တပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၈ (၂၀၂၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပဒူးမုန်း-နန်စီပွန်ရွာ အနီးတွင် စစ်တပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်မှ စတင်ပြီး စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ယနေ့အထိ စစ်ရေးတင်းမာနေသေး သည့်အတွက် ဒေသခံပြည်သူများ သွားလာခက်ခဲမှု ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” တိုက်ပွဲဖြစ်တာက ပြီးခဲ့တဲ့ ၁၅ ရက်နေ့ကတည်းက စပြီးဖြစ်ကြတာ။ နှစ်ဖက်စလုံးက အခုထိ တင်းမာနေကြတုန်းပဲ။ အဲ့ဒါကြောင့် ပြည်သူတွေက သွားရေး၊လာရေး ခက်ခဲမှုတွေ ရှိနေတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာပြည်သူများ ထိခိုက်ပျက်စီးမှု မရှိသော်လည်း တိုက်ပွဲဖြစ်ကြသည့် စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့များ နှစ်ဦးနှစ်ဖက် သေဆုံးသူများရှိကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့များ စစ်ရေးတင်းမာခြင်းကြောင့် ဟုမ္မလင်း-ခန္တီးသွားလမ်း၊ ဟုမ္မလင်း-‌လဟယ်သွားလမ်းများ သွားလာမှုကို ပိတ်ထားခဲ့ရာ သုံး‌‌လကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။