Trending Now

ဂျပန်က အာကာသကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီ

Spread the love

ဂျပန်က အာကာသကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီ

EPN
နိုင်ငံတကာ၊ မေ ၂၀

ဂျပန်နိုင်ငံက အာကာသရှိ အပျက်အစီးများ၊ သံသယဖြစ်ဖွယ်ရာ ဂြိုဟ်တုများကို စောင့်ကြည့်လေ့လာ မည့် အာကာသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ဂျပန် လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ လက်အောက်တွင်ထားရှိသည့် အဖွဲ့ဝင် ၂၀ ဉီးပါ အ ဆိုပါ အာကာသကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းမှုမှာ ဂျပန်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ မဟာမိတ်ဖြစ်သူ အမေရိကန်နိုင် ငံက အာကာသစစ်ဆင်ရေးတပ်ဖွဲ့ခွဲ ဖွဲ့စည်းပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အာကာသကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရခြင်းမှာ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့က အာကာသစစ်ပွဲ ဆင်နွှဲ ရာတွင် အတူတကွ ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်သည်။

ဂျပန်နိုင်ငံက အာကာသနယ်ပယ်တွင် အခြေအနေ သိရှိနားလည်မှု အရေးတကြီး မြှင့်တင်ခဲ့ပြီး အာကာ သစစ်ဆင်ရေးများတပ်ဖွဲ့ခေါ် အာကာသကာကွယ်ရေးတပ်ဖွဲ့က ဂျပန် အာကာသစူးစမ်းရှာဖွေရေး အေဂျင်စီ၊ အမေရိကန် အာကာသတပ်ဖွဲ့တို့နှင့် လက်တွဲဆောင်ရွက်မည်ဟု မေလ ၁၈ ရက်တွင်ကျင်းပသည့် ဖွင့်လှစ်ပွဲအခမ်း အနား၌ ကာကွယ်ရေးဝန်ကြီး တာရိုခိုနိုက ပြောကြားခဲ့သည်။

ဂျပန် အာကာသကာကွယ်ရေးတပ်ဖွဲ့မှာ ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းအပြည့်အဝဆောင်ရွက်ချိန်တွင် အင် အား ၁၀၀ အထိ ရှိလာမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မတ်လအထိ အမေရိကန်နိုင်ငံတွင် ဂြိုဟ်တု ၁၂၅ လုံး၊ တရုတ် နိုင်ငံတွင် ၁၀၃ လုံး၊ ရုရှားနိုင်ငံတွင် ၉၆ လုံးနှင့် အိန္ဒိယနိုင်ငံ၌ ၁၂ လုံးရှိသည်။

ဂျပန်နိုင်ငံက မြေပြင်ရုပ်ပုံ အချက်အလက်များစုဆောင်းရန်နှင့် မြောက်ကိုရီးယားနိုင်ငံမှ ပစ်လွှတ်သော ဒုံးကျည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက် အမေရိကန်ဂြိုဟ်တာများအပေါ် မှီခိုနေရ သည်။ ဂျပန်နိုင်ငံက ၂၀၂၆ ခုနှစ်မတိုင်မီ ကိုယ်ပိုင် အာကာသစောင့်ကြည့်ရေးဂြိုဟ်တု လွှတ်တင်ရန် ရည်ရွယ် သည်။

–ကိုးကား–

သည်စထရိတ်တိုင်းမ်
Ref; Japan launches space defence force against emergent threat


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။