Trending Now

ဘုရင်ကို ဖေ့စ်ဘုတ်ခ်မှာ ဝေဖန်ခဲ့တဲ့ ထိုင်းအမျိုးသား ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံရ

Spread the love

ဘုရင်ကို ဖေ့စ်ဘုတ်ခ်မှာ ဝေဖန်ခဲ့တဲ့ ထိုင်းအမျိုးသား ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံရ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇

အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးဟာ ထိုင်းဘုရင်ကို ဖေ့စ်ဘုတ်ခ်မှာ ရေးသား ဝေဖန်ခဲ့တဲ့အတွက် အသေရေဖျက်မှုနဲ့ တရားရုံးက ထောင်ဒဏ် ၂၈ နှစ် ချမှတ်လိုက်ပါတယ်။

အလားတူ ပြစ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အမျိုးသမီးငယ် နှစ်ဦးဟာလည်း အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့အတွက် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

မိုင်းခွန်သီရကုတ် ဆိုတဲ့အမျိုးသားဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဖေ့စ်ဘုတ်ခ်မှာ တင်ခဲ့တဲ့ ပို့စ် ၂၄ ခုအနက် ၁၄ ခုဟာ ထိုင်းဘုရင်ကို အသေရေဖျက်တဲ့ ပို့စ်တွေဖြစ်ကြောင်း ချင်းမိုင်ခရိုင် တရားရုံးက တွေ့ရှိခဲ့ပါတယ်။

ဘုရင်စနစ်ကို ပုတ်ခတ်စော်ကားမှုအတွက် ရာဇဝတ်မှုတစ်ခုလျှင် ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်ပေမယ့် အတိုက်အခံတွေကတော့ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကို ချေမှုန်းဖို့ မကြာခဏ အသုံးပြုလေ့ရှိတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

မိုင်းခွန်သီရကုတ်ရဲ့ ပြစ်ဒဏ်ဟာ မှုလက ၄၂ နှစ်ဖြစ်ပေမယ့် ထွက်ဆိုချက်ကြောင့် တရားရုံးက လျော့ပေါ့ပေးခဲ့တာလို့ သူ့ရဲ့ ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ကတည်းက ကျောင်းသားတွေဦးဆောင်တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ထိုင်းဘုရင် စနစ်ကို ပြောင်ပြောင်တင်းတင်း ဝေဖန်ခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ကနေ လက်ရှိအချိန်အထိ ဘုရင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အရွယ်မရောက်သေးသူ ၁၈ ဦးအပါအဝင် လူပေါင်း ၂၂၈ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။

— ကိုးကား —
AP
Ref; Thai Activist Sentenced to 28 Years for Online Posts on King

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။