Trending Now

ထရပ်ကားသမား ဆန္ဒပြမှုများကြောင့် အော့တာဝါ ရဲချုပ် ရာထူးက နုတ်ထွက်

Spread the love

ထရပ်ကားသမား ဆန္ဒပြမှုများကြောင့် အော့တာဝါ ရဲချုပ် ရာထူးက နုတ်ထွက်
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆
ကနေဒါနိုင်ငံ မြို့တော် အော့တာဝါတွင် ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ထရပ်ကားသမားများ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ပြင်းထန်တဲ့ ဝေဖန်မှုများ ရင်ဆိုင်နေရသည့် အော့တာဝါ ရဲချုပ်သည် ၎င်း၏ ရာထူးမှ နုတ်ထွက်ကြောင်း လူသိရှင်ကြား ကြေညာလိုက်သည်။
ရဲချုပ် ပီတာစလိုလ် သည် ယမန်နေ့မွန်းလွဲပိုင်းတွင် အော့တာဝါ ရဲဌာနအကြီးအကဲအဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း ကြေညာခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို လေးလေးနက်နက်ဖြင့် ဆုံးဖြတ်ခဲ့ကြောင်း တွစ်တာ တွင် ဖော်ပြထားသည်။
“ဒီဆန္ဒပြပွဲ စတင်ကတည်းက၊ ဒီမြို့ကို လုံခြုံအောင်ထားဖို့နဲ့ ဒီမကြုံစဖူးနဲ့ ကြိုတင်မှန်းဆလို့မရတဲ့ အကျပ်အတည်းကို အဆုံးသတ်ဖို့ တတ်နိုင်သမျှ ငါလုပ်နိုင်ခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကနေဒါ-အမေရိကန်နယ်စပ်တွင် ကာကွယ်ဆေးထိုးရန် လိုအပ်ချက်များကို ကန့်ကွက်ဆန္ဒပြရန် လွန်ခဲ့သည့်လနှောင်းပိုင်းက မြို့တော်တွင် စုဝေးခဲ့ကြသော ကနေဒါထရပ်ကားသမားများနှင့် ထောက်ခံအားပေးသူများ လူစုခွဲရန် ပျက်ကွက်ခဲ့သဖြင့် အော့တာဝါ ရဲတပ်ဖွဲ့သည် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရခြင်းလည်းဖြစ်သည်။
ထိုအချိန်မှစ၍ လွတ်လပ်ရေးယာဉ်တန်းဟု ခေါ်တွင်သော ထရပ်ကာသမားများနှင့် ပါဝင်သူများသည် နယ်ခြားဖြတ်ကျော်မှု အများအပြားတွင် ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ပြီး လူတစ်စုက အော့တာဝါ မြို့လယ်ခေါင်ကို သိမ်းပိုက်ထားခဲ့ကြသည်။
အော့တာဝါ မြို့ခံများက လူနေလမ်းမများပေါ်တွင် ၎င်းတို့၏ မော်တော်ယာဉ်များကို ရပ်နားထားသောကြောင့် ဆန္ဒပြသူများကို ပြစ်တင်ခဲ့ကြပြီး ထရပ်ကားသမားများသည် ညလုံးပေါက် ဟွန်းတီးကာ မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တန်းအား ထိမ်းသိန်းရန် ရဲတပ်ဖွဲ့ဝင်များ၏ ကုန်ကျစရိတ်မှာ တစ်ရက်လျှင် ကနေဒါဒေါ်လာ 800,000 ($628,000) ထက်မနည်းရှိသော်လည် ဒေသခံများကို နှောင့်ယှက်ခြိမ်းခြောက်နေသော ယာဉ်တန်းကို ရဲများက ဘာကြောင့် လူစုခွဲရန် ပျက်ကွက်သနည်းဟု လူအများက မေးခွန်းထုတ်ခံနေရဆဲဖြစ်သည်။
— ကိုးကား —
Aljazeera
Ref; Ottawa police chief resigns amid criticism over trucker protests

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။