Trending Now

ဖိလစ်ပိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပစ်ခတ်မှုအတွင်း လူသုံးဦး သေဆုံးခဲ့

Spread the love

ဖိလစ်ပိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပစ်ခတ်မှုအတွင်း လူသုံးဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၅

ဖိလစ်ပိုင်နိုင်ငံ Quezon မြို့ မှာရှိတဲ့ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်းမှာ ယမန်နေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး မြို့တော်ဝန်ဟောင်းတစ်ဦး အပါအဝင် လူသုံးဦးသေ ဆုံးခဲ့တယ်လို့ အဏာပိုင်တွေက အတည်ပြုပါတယ်။

ခန်းမအတွင်း ဘွဲနှင်းသဘင်အခမ်းအနားကျင်းပဖို့ ဥပဒေကျောင်းသားတွေနဲ့ မိသာစုဝင်တွေ စုဝေးရောက်ရှိနေချိန်မှာ အမည်မသိသေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမြို့တစ်မြို့ ရဲ့ မြို့တော်ဝန်ဟောင်းတစ်ဦးနဲ့ သူမရဲ့ လက်ထောက်တစ်ဦး အပါအဝင် တက္ကသိုလ် အစောင့်တစ်ဦး သေဆုံးခဲ့တယ်လို့ မြို့တော် ရဲတပ်ဖွဲ့အရာရှိတစ်ဦးကပြောပါတယ်။

ဖိလစ်ပိုင်အဏာပိုင်တွေက ဒီပစ်ခတ်မှုဟာ မြို့တော်ဝန်ဟောင်းကို လုပ်ကြံသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ကြပြီး လုပ်ကြံသတ်ဖြတ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

“သူကိုကြည့်ရတာ စိတ်ပိုင်းဖြတ်ထားတဲ့ လုပ်ကြံသတ်ဖြတ်သူဖြစ်ပုံရတယ်”လို့ မြို့တော် ရဲတပ်ဖွဲ့ချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သံသယရှိသူကို တက္ကသိုလ်ကနေ ကားတစ်စီးနဲ့ ထွက်ပြေးဖို့ ကြိုပမ်းနေချိန်မှာ ဖမ်းဆီးရမိခဲ့ပြီး သက်သေအဖြစ် ပစ္စတိုနှစ်လက် နဲ့ အသံတိတ်ပြောင်း တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ က “ဒီသတ်ဖြတ်မှုတွေကို သေသေချာချာ မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးပြီး ပါဝင်ပတ်သက်သူအားလုံးကို တရားမျှတမှုပေးဖို့ ကျွန်ုပ်တို့ ကတိပြုပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Source – CNN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။