Trending Now

လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် ဗုံး(၁)လုံး‌ပေါက်ကွဲ ကလေးငယ်(၂)ဦး ထိမှန်ဒဏ်ရာရ

Spread the love

လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် ဗုံး(၁)လုံး‌ပေါက်ကွဲ ကလေးငယ်(၂)ဦး ထိမှန်ဒဏ်ရာရ

EPN
မြစ်ကြီးနား၊ ဧပြီ ၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာ ဒီနေ့မနက် ၁၀ နာရီဝန်ကျင်ခန့်က ဗုံး(၁)လုံး‌ပေါက်ကွဲလို့ ကလေးငယ်(၂)ဦး တစ်ကိုယ်လုံး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်မိသွားတဲ့ ကလေးငယ်နှစ်ဦးဟာ ဆော့ကစားနေရာကနေ ခြံအတွင်းမှာရှိနေတဲ့ အကြမ်းဖက်သမားများ ထောင်ထားတဲ့ မိုင်းကို ထိမိပြီးပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ ၁၀နာရီလောက်က သူတို့ သူငယ်ချင်းနှစ်ယောက် ကစားနေတဲ့အချိန် ဖြစ်သွားတာ မိုင်းကနှစ်လုံးရှိတယ် တစ်လုံးက မပေါက်သေးဘူး ကျန်သေးတယ်။ ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ကလေးငယ်နှစ်ဦးဟာ မောင်ဩဂတ်စတင်း အသက် ၉နှစ် နဲ့ မောင်ဒေးဗစ်ဂျွန်အောင် အသက် ၈ နှစ်တို့ဖြစ်ပြီး လက်ရှိမှာ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒေါဥခူရပ်ကွက်ဖက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံအများအပြား စစ်ရှောင်ခဲ့ရပြီး ဒေသခံနေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။