Trending Now

တရုတ်သမ္မတ ရှီကျင့်ဖျင် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်တဲ့အတွက် စိတ်ပျက်မိတယ်လို့ ဘိုင်ဒင်ပြော

Spread the love

တရုတ်သမ္မတ ရှီကျင့်ဖျင် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်တဲ့အတွက် စိတ်ပျက်မိတယ်လို့ ဘိုင်ဒင်ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၄

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အိန္ဒိယနိုင်ငံမှာ ပြုလုပ်မယ့် G20 ခေါင်းဆောင်များ ထပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်တဲ့အတွက် စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၃ ရက်နေ့က ပြောပါတယ်။

“ဒါပေမယ့် သူ့ကိုတော့ သွားတွေ့ဦးမှာပါ” လို့ ဘိုင်ဒင်က အသေစိတ်အချက်အလက်တွေကို မပြောဘဲ ဒဲလာဝဲရှိ ရောဗော့ ကမ်းခြေမှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်သမ္မတဟာ စက်တင်ဘာ ၇ ရက်ကနေ ၁၀ ရက်အထိ G20 ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ အစည်းအဝေးအပြီးမှာ အာရှ-အမေရိကန်ဆက်ဆံရေး ခိုင်မာစေဖို့အတွက် ဗီယက်နမ်နိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ကိုယ်စာ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်ဝန်ကြီးလီကွမ်းကို အိန္ဒိယနိုင်ငံ စေလွတ်ဖွယ်ရှိနေတယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရိုက်တာကို ပြောပါတယ်။

ဘိုင်ဒင်က အမေရိကန်-အာရှ ဆက်ဆံရေးခိုင်မာစေဖို့အတွက် အိန္ဒိယ၊ဗီယက်နမ်တို့နဲ့ ပိုမိုနီးကပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်ချင်တယ်လို့လည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Ref; reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။