Trending Now

တောင်အာဖရိက၊ရုရှားနှင့် တရုတ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

Spread the love

တောင်အာဖရိက၊ရုရှားနှင့် တရုတ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄

တောင်အာဖရိကရေတပ်သည် ရုရှားနှင့် တရုတ်ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြထားသည်။

Exercise Mosi II ဟုအမည်ပေးထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်အာဖရိကကမ်းရိုးတန်းပြည်နယ် KwaZulu-Natal ရှိ Durban နှင့် Richards Bay တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တောင်အာဖရိက စစ်သား ၃၅၀ ကျော်နှင့် တရုတ်၊ ရုရှားနိုင်ငံတို့က စစ်သားများက ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

တောင်အာဖရိကနိုင်ငံသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရုရှား၊တရုတ်နိုင်ငံတို့မှ ရေတပ်များဖြင့် ကိတ်တောင်းတွင် ပထမဆုံး သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

— ကိုးကား —
Xinhua
Ref; South African navy to host Russian, Chinese counterparts for maritime exercise

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။