Trending Now

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ငွေကျပ်သိန်း သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Spread the love

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ငွေကျပ်သိန်း သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

EPN
မြစ်ကြီးနား ၊ ဇွန် ၉

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ငွေကျပ်သိန်း သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် အသက် (၃၂) အရွယ် အမျိုးသားတစ်ဦးအား ဇွန်လ ၈ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဇွန်လ ၈ ရက်နေ့ ၁၁ နာရီ ခွဲ အချိန်က ကချင်ပြည်နယ်ရဲ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုးညှင်းမြို့ဘက်မှ ဟိုပင်မြို့ဘက်သို့ ဆန်းဝင်းကြည် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈၉၁ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၅၆.၄ သိန်း)အား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ ဆန်းဝင်းကြည်(၃၂)နှစ်အား ဟိုပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။