Trending Now

ရုရှားဒုံးကျည်လက်ချက်နဲ့ ယူကရိန်းမှာ လူ ၄ ဦးသေ၊ ဒရုန်းတိုက်ခိုက်မှုကို ဖျက်ဆီးနိုင်ခဲ့လို့ ရုရှားပြော

Spread the love

ရုရှားဒုံးကျည်လက်ချက်နဲ့ ယူကရိန်းမှာ လူ ၄ ဦးသေ၊ ဒရုန်းတိုက်ခိုက်မှုကို ဖျက်ဆီးနိုင်ခဲ့လို့ ရုရှားပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၁

ယူကရိန်းအရာရှိတွေက သီတင်းပတ်ကုန်အတွင်းမှာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံရဲ့ တောင်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ရုရှားကလည်း မော်စကိုကို တိုက်ခိုက်တဲ့ ယူကရိန်း ဒရုန်းကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းတောင်ပိုင်းဒေသ ဇာဖိုရီဇီးယား က အရာရှိတွေက ရုရှားဒုံးကျည်လက်ချက်ကြောင့် စနေနေ့မှာ လူ ၂ ဦး သေဆုံးခဲ့ရ တယ်လို့ လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇလန်ဇကီ ကလည်း ရုရှားဒုံးကျည်တစ်စင်းဟာ စနေနေ့က အရှေ့မြောက်ပိုင်းဒေသ က ပညာရေးဆိုင်ရာနေရာတစ်နေရာကို တိုက်ခိုက်ခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၂၀ ဒဏ်ရာရခဲ့တယ်လို့ လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

အဲဒီလိုဖြစ်ပျက်မှုနဲ့ ဆက်နွယ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းဟာ ဒရုန်း ၃ စင်းနဲ့ မော်စကို ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ ကြေငြာခဲ့ပါတယ်။

အဲဒီအထဲက ၂ စင်းဟာ အီလက်ထရွန်နစ် ကြားဖြတ်တိုက်ခိုက်မှုကြောင့် ထိန်းချုပ်မရဖြစ်ခဲ့ပြီး မြို့တော်ရဲ့ စီးပွားရေးလုပ်ငန်းအဆောက်အအုံတစ်ခုအပေါ် ပျက်ကျခဲ့ပြီး နောက်တစ်စင်းကတော့ မော်စကိုမြို့ပတ်ဝန်းကျင်ဧရိယာမှာ ပစ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရိုက်တာသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ဒရုန်းဟာ မော်စကိုမြို့ရဲ အထပ်မြင့်အဆောက်အအုံတစ်ခုထဲ ထိုးဝင်သွားတာကို ပြသနေပါတယ်။

Source : NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။