Trending Now

ယူကရိန်း တန်ပြန်ထိုးစစ်ကို ဟန့်တားဖို့ ရုရှား ကြိုးစားနေတယ်လို့ ယူကရိန်း ကာကွယ်ရေး အရာရှိက ပြော

Spread the love

ယူကရိန်း တန်ပြန်ထိုးစစ်ကို ဟန့်တားဖို့ ရုရှား ကြိုးစားနေတယ်လို့ ယူကရိန်း ကာကွယ်ရေး အရာရှိက ပြော

EPN
နိုင်ငံတကာ၊ မေ ၂၁

ရုရှား တပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် ဟန့်တားဖို့ ကြိုးစားနေရတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက ပြောပါတယ်။

ရုရှားဟာ ဆောင်းရာသီကာလတုန်းက လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ယူကရိန်းရဲ့အစီအစဉ်တွေကို ဟန့်တားဖို့အတွက် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ ခဲယမ်းမီးကျောက်သို‌လှောင်တဲ့နေရာတွေကို ပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်လာနေတယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးဆိုင်ရာဌာန တာဝန်ရှိသူက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

 

အဲဒီနေ့မှာပဲ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီး ဆာဂီရှိုဂု ဟာ ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်း တောင်ပိုင်းက ဇာဖိုရီဇီးယား ဒေသထဲမှာရှိတဲ့ ရှေ့တန်းကွပ်ကဲရေးစခန်းကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ရန်သူရဲ့အကြံအစည်တွေကို ထောက်လှမ်းပြီး သူတို့ရဲ့အကောင်အထည်ဖော်မှုကို ဟန့်တားဖို့အတွက် ကင်းထောက်လှုပ်ရှားတွေကို အရှိန်မြှင့်ဖို့ ကာကွယ်ရေးဝန်ကြီး ဆာဂီရှိုဂု က တပ်မှူးတွေကို ညွှန်ကြားထားတယ်လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။

 

ရုရှားစစ်တပ်က ယူကရိန်းရှိ ပစ်မှတ်တွေဆီကို ခရုဇ်ဒုံးကျည် ၆ စင်းနဲ့ ဒရုန်း ၂၂ စင်း ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က သောကြာနေ့မှာ ပြောကြားခဲ့ပြီး ဒုံးကျည် ၃ စင်း နဲ့ ဒရုန်း ၁၆ စင်းကို ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဟာ အခုလအစောပိုင်းမှာ စတင်ခဲ့တဲ့ သူတို့ရဲ့ ထိုးစစ်ကို ဆက်လက်လုပ်ဆောင်နေပြီး ကြာသပတေးနေ့တုန်းကလည်း ယူကရိန်းနိုင်ငံအနှံ့ကို ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌနက ဆိုပါတယ်။

Ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။