Trending Now

ဩစတြေးလျကမ်းရိုးတန်းမှာ သောင်တင်နေတဲ့ ဝေလငါးအကောင်ရေ ၁၀၀ နီးပါးကို ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့

Spread the love

ဩစတြေးလျကမ်းရိုးတန်းမှာ သောင်တင်နေတဲ့ ဝေလငါးအကောင်ရေ ၁၀၀ နီးပါးကို ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၈

ဩစတြေးလျကမ်းရိုးတန်းမှာ သောင်တင်နေတဲ့ ဝေလငါးအကောင်ရေ ၁၀၀ နီးပါးကို ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့ဘဲ ၅၂ ကောင် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။

သြစတြေးလျအနောက်ပိုင်းက Perth မြို့ရဲ့အရှေ့တောင်ဘက် ကီလိုမီတာ (၄၅၀)နဲ့ မိုင် (၂၈၀) အကွာမှာရှိတဲ့ Cheynes ကမ်းခြေမှာ ဝေလငါးတွေ အလုံးအရင်း နဲ့ အင်္ဂါနေ့ကတည်းက သောင်တင်နေခဲ့တာဖြစ်ပါတယ်။

တောင်ကမ္ဘာခြမ်း ဆောင်းအအေးဒဏ်ကနေ ဝေလငါးတွေကို ကာကွယ်ဖို့ တောရိုင်းတိရစ္ဆာန်အရာရှိ ၁၀၀ နဲ့ စေတနာ့ဝန်ထမ်း ၂၅၀ တို့က ဝေလငါးတွေကို ရေနက်ပိုင်းထဲကို ပို့ဆောင်ပေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ ဝေလငါးတွေက ရေတိမ်ပိုင်းကိုသာ အဆက်မပြတ်ပြန်လည်ကူးခတ် လာနေတဲ့အတွက် အသက်ရှင်ကျန်ရှိနေတဲ့ ၄၅ ကောင်ကိုပါ ဒီအတိုင်းထားပေးခဲ့ရတယ်လို့ သြစတြေးလျ တောရိုင်းတရိစ္ဆာန် ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

“ဝမ်းနည်းစရာကောင်းတာက၊ သူတို့ရဲ့ဒုက္ခကို တာရှည်မခံရစေဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ရတာပါ၊ ဒါဟာ ပါဝင်ပတ်သက်သူအားလုံးအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေမဲ့ သူတို့ကောင်းဖို့အတွက် ဦးစား ပေးရမယ်” လို့ တောရိုင်းတရိစ္ဆာန် ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ဝေလငါးတွေကို ကယ်တင်ဖို့ ကြိုးပမ်းရာမှာ ပါဝင်ကူညီခဲ့ကြတဲ့ တာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း တောရိုင်းတရိစ္ဆာန် ကာကွယ်ရေးအဖွဲ့က ပြေကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တောရိုင်းတိရိစ္ဆာန် ကျွမ်းကျင်သူတွေက ဝေလငါးတွေဟာ စိတ်ဖိစီးမှု ဒါမှမဟုတ် နာမကျန်းဖြစ်မှုကို ညွှန်ပြချက်ဖြစ်နိုင်ကြောင်း ထင်ကြေးပေးခဲ့ကြပေမယ့် အကြောင်းရင်းကိုတော့ ဘယ်သူမှ အဖြေမထုတ်နိုင်သေးတဲ့အတွက် ပဟေဠိဖြစ်ဖွယ်နဲ့ သာအဆုံးသတ်သွားခဲ့ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။