Trending Now

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပူတာအိုလေယာဉ်ကွင်းလမ်းဆုံ၍ သစ်ပင်လှဲကျပိတ်ဆို့

Spread the love

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပူတာအိုလေယာဉ်ကွင်းလမ်းဆုံ၍ သစ်ပင်လှဲကျပိတ်ဆို့

 

EPN
ပူတာအို၊ မေ ၂၆

ယခုရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မေ(၂၅)ရက် နံနက်(၇)နာရီ မိနစ်(၂၀)ခန့်က ပူတာအို မြို့ လေယာဉ်ကွင်းရပ်ကွက် လေဆိပ်သွားလမ်းဆုံတွင် ကတ္တရာလမ်းမပေါ်သို့ သစ်ပင်လှဲကျ လမ်းပိတ်ဆို့မှုဖြစ် ပေါ်ခဲ့ရာ အဆိုပါလမ်းပိတ်ဆို့မှုများကို မီးသတ်တပ်ဖွဲ့ဝင်များက နံနက်(၇)နာရီခွဲမှစတင်၍ အချိန်နှင့်တပြေးညီ ခုတ်ထွင်ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါကတ္တရာလမ်းမပေါ်သို့လှဲကျနေသော လုံးပတ်လေးပေခန့်ရှိ မဲဇလီသစ်ပင်အား မော်တော်ယာဉ် များ နှင့်လမ်းသွားလမ်းလာများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ပူတာအိုမြို့ မီးသတ်စခန်းမှ ဒု-မီး သတ်ဦးစီးမှူး ဦးတိတု ဦးဆောင်၍ တပ်ဖွဲ့ဝင် ခြောက်ဦးတို့က ချိန်းဇောများဖြင့် အချိန်မီခုတ်ထွင်ရှင်းလင်းပေးခဲ့ ပြီး အဆိုပါသစ်ပင်လှဲကျမှုကြောင့် လူ၊တိရိစ္ဆာန် ထိခိုက်ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။