Trending Now

၂၂ ဘီးတွဲ ယာဉ်ပေါ်မှ ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

၂၂ ဘီးတွဲ ယာဉ်ပေါ်မှ ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မန္တလေး၊ စက်တင်ဘာ ၂၇ (၂၀၂၃)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း ယမန်နေ့က ၂၂ ဘီးတွဲ ယာဉ်ပေါ်မှ ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို-မြစ်ငယ်ကားလမ်း၊ ထုံးဘိုတိုးဂိတ်အနီးတွင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်က သီပေါမှ မန္တလေးဘက်သို့ စိုင်းထင်လင်း မောင်းနှင်ပြီး ထိန်ဝင်း လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ကို မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅၅ သန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်းတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခိုင်းသူ ဂေါ်လီ (ခ) ကျော်ကြီး (ခ) ကျော်စိန်မြင့် အပါအဝင် စိုင်းထင်လင်း နှင့် ထိန်ဝင်း တို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။